💘 Part-15 💘

Mulai dari awal
                                        

"ဒီလောက် ရှင်းပြနေတာတောင် မင်းက
ခွင့်မလွှတ်နိုင်သေးဘူးလား?မင်းကိုပဲ ချစ်တာလို့ "

ကောင်လေးရဲ့ မျက်လုံးများကို စိုက်ကြည့်ရင်း
မေးတော့ ပြန်ဖြေလာသည်က

"ကျွန်တော် စိတ်ဆိုးတာထက် ဝမ်းနည်းသွားတာပါ။ကျွန်တော် ချစ်တဲ့သူက ကျွန်တော့်ကို နှင်ထုတ်တာက ခံစားရတယ်။အထူးသဖြင့်
အဲ့ဒီလူရှေ့မှာ "

"တောင်းပန်ပါတယ်။မရည်ရွယ်ပါဘူး။
ပြီးတော့ hyung လည်း အကုန် နားလည်ပေးထားပြီးသားပါ။အခုလည်း မင်းဆီလာဖို့ကို သူပဲ လိုက်ပို့ပေးခဲ့တာ။စိတ်ထဲက ထုတ်လိုက်တော့နော် "

"အင်း "

"စိတ်ဆိုးပြေပြီလား ?"

"အင်း "

"တော်ပါသေးတယ်။ညက မင်းစိတ်နဲ့ အိပ်တောင် မပျော်ဘူး "

ထိုအခါ မျက်လုံးဝိုင်းလေးများနဲ့ ကြည့်လာသည်မို့ jimin အူယားစွာ ကောင်လေးရဲ့ ပါးနှစ်ဖက်အား ဖျစ်ညစ်ရင်း စကားဆိုလိုက်သည်။

"ချစ်လိုက်တာ။မင်းကို အရမ်းချစ်တာပဲ "

ထိုသို့ ပြောလိုက်တော့ မသိမသာလေး
ကျေနပ်သလို အပြုံးလေး ပြုံးသွားသည်။

"အကို မင်းကို တောင်းဆိုစရာရှိသေးတယ် "

"ဘာလဲ?"

"ဒီနေ့က စပြီး မင်းစိတ်ထဲက အကိုနဲ့ ပတ်သက်နေတဲ့ ခံစားချက်တိုင်းကို မဖုံးကွယ်ထားရဘူး။
အကို့ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်။
ကြိုက်ရင် ကြိုက်တယ်။မကြိုက်ရင် မကြိုက်ဘူး။စိတ်ဆိုးတယ်။ဒေါသထွက်တယ်။ဝမ်းနည်းတယ် အကုန် ပြောပြရမယ်။ဟုတ်ပြီလား?

ခေါင်းလေး ငြိမ့်ပြလာသည့်အခါ jimin ကျေနပ်ပြုံးလေး ပြုံးရင်း အင်ဂျင်နီယာလေး၏ ပါးတစ်ဖက်အား မွှေးကြူလိုက်သည်။

"ချစ်လို့ "

အင်ဂျင်နီယာလေးသည် jimin အား အတန်ကြာအောင် စိုက်ကြည့်ပြီးမှ သူ့ရဲ့ ကိုယ်ပိုင် ချိုသာသော အသံလေးနဲ့

"အကို "

"အင်း ..."

"နမ်းရအောင် "

Jimin ဘာမှ မဖြေရသေးခင်မှာပဲ
လည်ကုပ်မှ ဆွဲကာ jimin ကိုယ်ကို ရှေ့တိုးစေပြီး
နှုတ်ခမ်းချင်း ဖိကပ်ပစ်လိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Tempat cerita menjadi hidup. Temukan sekarang