"စကားပြောကြရအောင် "
"အင်း "
Jungkook က အရင် သူ့ကားပေါ် တက်သွားသည်မို့ jimin ပါ Jungkook ရဲ့ အနက်ရောင်ကားပေါ် လိုက်တက်ရသည်။ထို့နောက် ဌာနရှေ့က ထွက်ကာ ကျောင်းဝန်းရဲ့ လူရှင်းသော
လမ်းသွယ်တစ်နေရာတွင် Jungkook က ကားရပ်ပေးသည်။
"စိတ်ဆိုးနေတုန်းပဲလား?"
Jimin ဘက်က မေးလိုက်သော်လည်း
ဘာစကားမှ မထွက်လာသောကြောင့်
Jimin သက်ပြင်းချရင်း ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ Jungkook ဘက်သို့ တိုးပြီး ခါးမှ ဖက်လိုက်ရင်း ကောင်လေးရဲ့ ရင်ခွင်ဆီ မှီထားလိုက်သည်။
မကြိုက်သည့် အပြုအမူ မပြတာကြောင့်
သူ့အတွက် အခြေအနေကောင်းသေးသည်ဟု ဆိုရမည်။
"စိတ်ဆိုးနေတုန်းပဲ ဆိုလည်း မဆိုးပါနဲ့တော့။
အကိုရှင်းပြမယ်လေ။hyung က အကို့ကို ချစ်နေတာ သိပေမယ့် အကို့ဘက်က လက်မခံခဲ့ပါဘူး။
စတွေ့ကတည်းက အကိုကြီး တစ်ယောက်လိုပဲ
သဘောထားခဲ့တာ "
".........."
"ပြီးတော့ သူ အကိုတို့ အကြောင်းကို အကုန် သိပြီးသား ။အဲ့နေ့က အကုန် ပြောပြတယ်။သူ သိနေတဲ့ အကြောင်းကို "
"........."
"ထပ်ပြောသေးတယ်။သူ နားလည်တယ်တဲ့
အကို ပြောတာ နားထောင်နေရဲ့လား?"
"အင်း "
Jungkook ရင်ခွင်ဆီ မှီထားရင် မော့ကြည့်ကာ
မေးတော့ 'အင်း'တစ်လုံးသာ ဖြေပြီး မျက်နှာတည်ထားဆဲ ဖြစ်တာမို့ Jungkook ရဲ့ ခါးကို jimin ပိုတိုးဖက်လိုက်သည်။
"အဲ့နေ့က အကို မင်းကို ပြန်ခိုင်းတယ်ဆိုတာ
Hyung ရိပ်မိသွားမှာစိုးလို့။အကို တို့ အကြောင်း
သိသွားရင် အကို့ရဲ့ ကျေးဇူးရှင်လို ဖြစ်နေတဲ့ hyung ခံစားရမှာ အားနာလို့ အကို ရှောင်တဲ့ သဘောမျိုးနဲ့ပါ။တစ်မျိုး မထင်လိုက်နဲ့နော် "
"..........."
"အခု hyung လည်း သိသွားပြီဆိုတော့ အကိုတို့ လွတ်လွတ်လပ်လပ်နေလို့ရပြီ။ပြီးတော့ အကို မင်းတစ်ယောက်ကိုပဲ ချစ်တာ "
"............."
Jungkook ဘက်က တိတ်ဆိတ်နေဆဲမို့
ရင်ခွင်ထဲမှ ထွက်ကာ ကောင်လေးရဲ့ မျက်နှာကို
သူနဲ့ မျက်နှာချင်းဆိုင် ဆွဲယူပြီး
💘 Part-15 💘
Start from the beginning
