💘 Part-13 💘

En başından başla
                                        

"အင့်!"

ခါးသိမ်သိမ်မှ ဆွဲကာ ကိုယ်ချင်း နီးကပ်စေလိုက်တော့ အသံသေးသေးလေးက အလန့်တကြား ထွက်လာသယောင်။

"ကျွန်တော် အကြွေး မထားချင်ဘူး "

"ဟင်"

အကိုသည် သူ့ကို နားမလည်သလို ကြည့်နေခဲ့သည်။နှုတ်ခမ်းပါးတို့  ကွေးညွှတ်ရုံ ပြုံးပြပြီးနောက်  ခြေလှမ်းများ ရှေ့သို့ တိုးတော့
အကို့ရဲ့ ခန္ဓာကိုယ်နဲ့ခြေလှမ်းများက  အနောက်သို့ ရွေ့သွားသည်။

"အင့်"

‌အကို့ရဲ့ ကျောပြင် သေးသေးလေးနဲ့ မှန်ပြင်တို့
ထိကပ်သွားတော့ အသံသေးသေးလေးက
ထပ်မံ ပေါ်ထွက်လာသည်။

"Jungkook..."

Jungkook စိုက်ကြည့်နေမိတော့
သူ့နာမည်ကို ခေါ်လာသော အကို့ အသံလေးက
ငြို့ငင်နေသလိုပင်။

အရပ်ကွာဟမှုကြောင့် သူ့ကို မော့ကြည့်နေသော
အကို့ မျက်နှာလေးဆီ ငုံ့ကျသွားပြီးနောက်
ရဲသွေးသမ်းနေသော အကို့ နှုတ်ခမ်းဖူးဖူးကို Jungkook စတင်ကာ နမ်းလိုက်သည်။အကို့နှုတ်ခမ်းများနဲ့ ထိတွေ့လိုက်တိုင်း အမြဲတမ်း
ရင်ခုန်သံတွေ ပိုမြန်လာသလို၊တင်းတိမ်ရောင့်ရဲခြင်းများလည်း အတောမသတ်နိုင်ခဲ့။နမ်းပြီးရင်း
နမ်းနေချင်သည်။အကိုတစ်ယောက်တည်းကသာ
သူ့ရဲ့ စိတ်ကို ထိုသို့ ကမောက်ကမ ဖြစ်အောင် လုပ်နိုင်သော တစ်ဦးတည်းသောလေးပင်။

အကို့ရဲ့ နှုတ်ခမ်းများကို အမိအရ နမ်းနေမိသလို
အကိုသည်လည်း သူ့ရဲ့ အနမ်းများကို မျက်လုံးများ မှိတ်ခံစားရင်း ပြန် တုံ့ပြန်နမ်းနေသည်။
မှိတ်ကျထားသော အကို့မျက်လုံးလေးများက
တစ်မျိုးလှနေသလို၊သူ့နှုတ်ခမ်း များကြား ရောက်နေသော နှုတ်ခမ်းဖူးဖူးတို့ကလည်း
ဆွဲစုပ် ယူနေခြင်းကြောင့် ပိုပြီး ရဲသွေးကြွလာသည်။

ရင်ခုန်လွန်းတာမို့ အကို့ရဲ့ ခါးလေးကို
ပို တင်းကြပ်အောင်ဖက်ပြီး အနမ်းများကို
ပိုပိုတိုးရင်း နမ်းလိုက်သည်။ကြာလာတော့
Jungkook ရင်ဘတ်ဆီ ရောက်လာသော
အကို့ရဲ့ လက်သေးသေးလေးများ။အသက်ရှုကြပ်နေပြီထင်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Hikayelerin yaşadığı yer. Şimdi keşfedin