💘 Part-13 💘

Start from the beginning
                                        

Practice room ထဲ ရောက်သည်နှင့်
အကိုသည် သီချင်း တစ်ပုဒ်ရွေးကာ စဖွင့်တော့သည်။ထွက်ပေါ်လာသော သံဇဉ်အတိုင်း
အကို့ရဲ့ လှပသော ခန္ဓာကိုယ်က အနုပညာဆန်သော ကကွက်များ စတင် ပုံဖော်လာသည်။
အကို ကပြတိုင်း အကြည့်တစ်ချက် မလွှဲခဲ့တဲ့ သူ့အဖို့ ယခုတွင်လည်း မျက်တောင်ခပ်ဖို့ပင် မေ့စွာ
‌ကြည့်နေခဲ့မိသည်။

အကိုသည် သူ့မျက်နှာကို ကြည့်ရင်း
သံဇဉ်အတိုင်း ကကွက်များ လှုပ်ရှား ကပြသွားသည်။တမေ့တမောပင် အကို့ကို သူ ငေးကြည့်နေခဲ့မိသည်။

သီချင်းသံသည် ပြီးဆုံးသွားခဲ့သည်။
အကိုသည် သူ့ဆီ ဖြေးဖြေးလေး လျှောက်လာနေသည်။သူကတော့ သိပ်လှလွန်းတဲ့ အကို့ဆီမှ
အကြည့်မခွာပဲ မတ်တပ်ရပ်နေရင်းသာ ငေးကြည့်နေခဲ့မိသည် ။

"Jungkook "

"အင်း "

"အကိုကတာ တော်တယ်မလား?"

"အင်း "

အကို့ မျက်လုံးများကို စိုက်ကြည့်နေရင်း
ဖြေတော့ နှုတ်ခမ်းဖူးဖူးတို့က ပြုံးရိပ်လေးသန်းသွားသည်။ထို့နောက် Jungkook ၏ ရင်ဘတ်ပေါ် လက်ချောင်းလေးများဖြင့် တို့ထိရင်း

"အဲ့လို တော်တဲ့ အကို့ကို
ဆုတစ်ခုခု ချသင့်တယ်မလား?"

"..........."

အကို့ရဲ့ အကြည့်တွေ၊ပြောနေတဲ့ စကားလုံးများရဲ့ အဓိပ္ပာယ်၊ထိတွေ့နေတဲ့ ရင်ဘတ်ဆီက လက်ချောင်းများကြောင့် အင်ဂျင်နီယာလေးမှာ
ရင်ခုန်သံတွေ ပြင်းလာသည်။သူလည်း အသက်ပြည့်ပြီးသား ယောင်္ကျားလေးတစ်ယောက်။
သိသင့်၊သိထိုက်သည်ကို အလုံးစုံ နားလည်ထားသည်။

အကို့ရဲ့ မျက်လုံးများကိုသာ မမှိတ်မသုန်နဲ့
ဆက်ကာ စိုက်ကြည့်နေမိတော့ အကို့မျက်နှာလေးက ထပ်မံ ပြုံးပြပြီး ခြေဖျားထောက်ကာ
သူ့နားရွက်နား ကပ်ကာ ပြောလာသည့် စကားလေးတစ်ခွန်း။

"အခု ဆုမချချင်သေးလည်း အကြွေးမှတ်ထားလိုက်မယ် "

"ဟင်"

ထိုသို့ ပြောကာ သူ့ရှေ့က ထွက်သွားသော
အကို့အား လက်ကောက်ဝတ်မှ ဆွဲကာ
သူ့အနား ပြန်ဆွဲခေါ်လိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now