💘 Part-13 💘

Start from the beginning
                                        

ကားမောင်းနေသော အကို့ကို ကြည့်ကာ
မေးလိုက်တော့ မျက်နှာလှလှလေးက သူ့ဘက်
တစ်ချက် ကြည့်လာခဲ့သည်။

"အင်း ။ဆွေးနွေးရုံပဲ ဆိုတော့ သိပ်မကြာလိုက်ဘူး"

"ဖျော်ဖြေပွဲ အတွက်လား?"

"အင်း"

"ဘယ်မှာလဲ?"

"Dream land hotel မှာ ။ဒီနေ့ညနေ ကပေးရမှာ"

Jungkook ဘက်က သိချင် သည်များ
သိလိုက်ရပြီးနောက် အသံတိတ်သွားသည်။
ကားမောင်းနေရင်းမှ အသံတိတ်သွားသော
ကောင်လေးအား jimin ကြည့်မိတော့ ရှေ့ဆီကိုသာ မျက်နှာမူထားသည်။သူ့ရဲ့ ပုံစံအတိုင်း
မှင်တည်တည်လေးနဲ့သာ နေနေသော ကောင်လေးက ဘေးတိုက် အနေအထားနဲ့တောင် ချောမောလွန်းနေတော့သည်။

"ခနစောင့်!အဝတ်အစား သွားလဲလိုက်ဦးမယ်"

"အင်း "

အကို့ရဲ့ ကွန်ဒိုကိုသာ ရောက်ရှိလာတာမို့
ဆိုဖာခုံမှာပဲ လွယ်အိတ်ကို ချကာ ထိုင်စောင့်နေလိုက်သည်။ရေဆာလာတာမို့ kitchen room ဘက် သွားကာ ရေခဲသေတ္တာထဲက ရေခဲရေဗူးနဲ့
ဖန်ခွက်ကို ယူပြီး ငှဲ့ထည့်လိုက်ပြီး တစ်ငုံ သောက်လိုက်တော့သည်။

"Jungkook !ဒီကို လာပါဦး "

ခေါ်သံကြားသည်မို့ ရေခွက်ကို ချထားခဲ့ပြီး
အကိုရှိကာ အခန်းထဲကို ဝင်သွားလိုက်တော့
အဖြူရောင် ဝတ်စုံနဲ့ အကိုက ကြိုဆိုနေသည်။

"ဘာဖြစ်လို့လဲ?"

"ဘာမှမဖြစ်ပါဘူး။ဒီတိုင်း  အနား ရှိနေစေချင်လို့"

"..............."

အကို့ဘက်က ထိုသို့ ရင်ခုန်စရာ စကားလေးများ ပြောတိုင်း Jungkook ရင်ထဲ ကြည်နူးမိသော်လည်း ‌တုံ့ပြန်စကားများ ပြန်မပြောဖြစ်ပါ။

"ညနေ ပွဲအတွက် အက လေ့ကျင့်ရမှာ ။
အဲ့တာ မင်းက အကို ကတာကို ကြည့်ပြီး
ဝေဖန်ပေးဦး "

Jungkook ခေါင်း အသာလေး ငြိမ့်ပြလိုက်သည်။
အကို့ဆီက သူမြတ်နိုးရတဲ့ ကကွက်လေးများ
မြင်တွေ့ရတော့မည်လေ။

"လာ!"

လက်ကို ဆွဲကာ အကလေ့ကျင့်သည့် အခန်းဆီ
ခေါ်သွားသည်မို့ Jungkook အသာ လိုက်သွားတော့သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now