"..........."
"နေပါစေ!ကျွန်တော်ပဲ လာခဲ့ပါ့မယ်"
"............"
"အင်း...."
Taehyung သည် ဖုန်းပြောရင်း မသိမသာ ဘေးကို တစ်ချက်ကြည့်ပြီး ခေါင်းလေး ငုံ့ကျသွားပြီးနောက်
"ချစ်တယ် ခင်ဗျားကို "
ထိုစကားကို taehyung က တိုးတိုးလေးသာ
ပြောလိုက်ပေမယ့် ထိုင်ခုံတစ်တန်းထဲ တူတူ
ထိုင်ရသည့် Jungkook က သေချာပေါက် ကြားလိုက်ပါသည်။
"Jungkook !ငါ အရင် သွားတော့မယ် ။
Yoongiက ငါနဲ့ date မလို့တဲ့ "
သူ့ကို ဂုဏ်ဆာသလို လာကြွားနေသော
Taehyung အား Jungkook မှင်တည်စွာသာ
ကြည့်လိုက်သည်။
"မင်းလည်း ရည်းစားလေး၊ဘာလေး ရှာထားဦးနော်။နောက်ကျ ငါက ဒီလို ခနခန date လုပ်ဖို့ သွားရင် အထီးကျန်နေမှာ စိုးလို့ "
Taehyung ၏ ပြီတီတီ မျက်နှာပေးကို
Jungkook နှုတ်ခမ်းပါးတို့ ကွေးညွှတ်ရုံ ပြုံးသည်။သူက ကိုယ့်ကို FAလို့ ထင်နေပုံရသည်။
သူကစလိုက်သော်ငြား jungkook ရဲ့ အပြုံးကြောင့် နည်းနည်းတော့ တွေသွားသည်။ဂရုမစိုက်တဲ့ ပုံစံလား?
"မင်း....."
တီ တီ
Taehyung ပြောမည့် စကားများက
Jungkook ဖုန်းက message ဝင်လာသံကြောင့်
တိတ်သွားသည်။
Message ဖတ်ပြီး လွယ်အိတ်လွယ်ကာ ထသွားသော Jungkook ကို ကြည့်ကာ taehyung ပါ
ထိုင်ခုံက ထလိုက်ပြီး
"မင်းက ဘယ်လဲ?"
Jungkook ခြေလှမ်းများ ရပ်သွားပြီး
သူ့ဆီ လှည့်လာပြီး ဖြေလာသည်က
"အကိုနဲ့ သွား ဒိတ်မလို့တဲ့"လေ။
ထိုစကားကြောင့် taehyung အံ့ဩရင်း
ကျန်ရစ်ခဲ့သည်။အကို?အကို ဆိုတာက
Jimin hyung ကို ပြောတာမလား?ဒိတ်မှာ။
ဒိတ်မှာ ဆိုတော့ သူတို့က ဘာတွေလဲ?တွဲလိုက်ကြတာလား?ဘယ်တုန်းက ဖြစ်သွားကြတာလဲ?
Jungkook အနား အနီးဆုံး အနေများသည့်
သူ့လို သူငယ်ချင်းအရင်းကြီးကပင် မသိလိုက်ရသည့် ကိစ္စကြောင့် taehyung တွေးရင်းသာ ကျန်ရစ်ခဲ့သည်။မြန်လိုက်ကြတာ။
...........................................................................
"အကို့ အလုပ်က ပြီးပြီလား?"
💘 Part-13 💘
Start from the beginning
