💘 Part-13 💘

Start from the beginning
                                        

".........."

"ငါ လုပ်ပေး လိုက်တာ ထိရောက်တယ်မလား?"

ခပ်တည်တည်နဲ့ သူ့ခန္ဓာကိုယ်ကို အစုံအဆန် ကြည့်လာသော Jungkook ကြောင့် taehyung မျက်နှာရဲကာ မလုံမလဲ ဖြစ်လာသည်။

"အဟင်း! ထိရောက်တယ်ပေါ့"

Taehyung ကျောင်းဝတ်စုံ လွတ်နေရာက
လည်ပင်းနေရာကို ကြည့်ကာ ပြောလာသည်မို့
ကော်လံစကို မနည်းဆွဲထောင်ကာ ဖုံးရသည်။

"အဲ့တာထား!ဘာလို့ ....ဘာလို့
အင်း ငါ့ကို အောက်ထပ် ပို့တာလဲ?"

Taehyung ရဲ့ အမေးကြောင့် Jungkook တစ်ချက်တော့ ကြောင်သွားသည်။သူက ဆေးပဲ ခပ်တာပါ။အပေါ်၊အောက် ခွဲပေးလိုက်တာမျိုးမဟုတ်ဘူးလေ။

Jungkook သည် taehyung ကို
လေသလို အကြည့်နဲ့ ကြည့်ပြီးနောက်

"ငါက ဆေးပဲ ခပ်ပေးလိုက်တာ Kim Taehyung ။
မင်းဘာသာ အောက်ထပ် ဆင်းတာတော့
ငါနဲ့ မဆိုင်ဘူး။min yoongi နဲ့ သွားရှင်း"

Jungkook သည် ထိုသို့ ပြောပြီး
ထွက်သွားသည်။taehyung မှာသာ ဌာနရှေ့တွင်
ငူငူကြီး ကျန်နေခဲ့သည်။

အသေဆော်ပစ်မယ်လို့ ခဲထားလေသမျှ
အကုန် ရေစုံမျှောတော့သည်။အောက်ထပ် ရောက်သည့် အကြောင်းပါ ဖွင့်ပြောမိလိုက်ခြင်းအပေါ် အခုချိန်မှ ပြန်တွေးကာ နောင်တရချင်သွားသည်။ရှက်လိုက်တာကွာ။

အတန်းချိန် အားလုံးက  နေ့လည်ခင်းပိုင်းထိသာ
ရှိသောကြောင့် ညနေခင်းပိုင်းအချိန်က သူတို့အတွက် အားလပ်ချိန်သာ ဖြစ်သည်။အကိုက
လာခေါ်မည် ပြောထားသောကြောင့်
Message ပို့ထားပြီး အတန်းထဲကပဲ စောင့်နေလိုက်သည်။

တီ တီ တီ

အတန်းချိန် ပြီးပြီမို့ စာအုပ်များကို လွယ်အိတ်ထဲ
ပြန်ထည့်နေသော taehyung တစ်ယောက်
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းသံကြောင့် ကြည့်လိုက်ရာ သူ့ရဲ့ ခင်ဗျားလေးဆီကပင်။

"Hello "

"........"

"ဟုတ်!ခုပဲ ပြီးတာ "

".........."

"တကယ်လား?အ့ဆို ကျွန်တော် ခင်ဗျားဆိုင်ကို
လာခဲ့မယ်လေ "

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now