ရောက်ကတည်းက စကားလည်း
မပြောသော Jungkook ကြောင့် jimin စိတ်ထဲတွင်တော့ ထင့်သွားသည်။ဒီကောင်လေး
ဘာတွေ မကြည်ဖြစ်နေတာလဲ?
"Jungkook!"
"ငါ မလိုက်တော့ဘူး!"
Jimin ခေါ်သံနဲ့အတူ Jungkook ရဲ့ စကားသံကပါ တစ်ဆက်တည်း ထွက်လာသည့်အခါ
Taehyung ကြောင်သွားမိသည်။တကယ်ပါ
တခါတလေ Jungkook စိတ်ကို နားမလည်ပေ။
မနက်ကတည်းက ဘူနေသလို မျက်နှာထားနဲ့ထိုင်နေပြီး၊ကန်တင်းသွားဖို့ ခေါ်တော့ လိုက်လာတယ်။jiminကို တွေ့တော့ ဘာစကားမှ မပြောပဲ
ဝစီပိတ် ကျင့်နေခဲ့ပြီး အခုကျ မလိုက်တော့ဘူးတဲ့။ဆယ့်နှစ်မျိုး ဂျင်းသုပ်ဆိုတာ သူမှ သူအစစ်။
ပြောပြီးသည်နှင့် ချာကနဲ လှည့်ထွက်သွားသော
Jungkook က ဌာနဘက်သို့ ပြန်ဝင်သွားသည်။
"ဟာ!ဟေ့ကောင်....ဒီမှာ
Jimin shiကို"
"နေနေ taehyung ။အကို လိုက်သွားလိုက်မယ်"
Taehyung ကို ပြောပြီးနောက်
Jungkook နောက်ကို jimin လိုက်ရတော့သည်။
"Jungkook !"
သူ့ခေါ်သံကို ကြားပေမယ့် လှည့်မကြည့်ပါပဲ
ဆက်သာ သွားနေသော Jungkook ကြောင့်
အမြန်လိုက်ကာ လက်ကို ဆွဲထားလိုက်သည်။
"Jungkook !"
လက်ကို ဆွဲထားရင်း ခေါ်တော့
တည်ကြည်သော မျက်ဝန်းများနဲ့သာ လှည့်ကြည့်လာသည်။
"ဘာလို့ အကို့ကို ရှောင်နေတာလဲ?"
"........"
"စိတ်ဆိုးနေတာလား?"
"........"
"ဘာဖြစ်လို့လဲ?အကို မင်း စိတ်ဆိုးအောင် တစ်ခုခု လုပ်မိလို့လား?"
သူမေးသော်လည်း တစ်ခွန်းမှ ဟမလာပေ။
အကို့ကို ကြည့်ကာသာ နေမိသည်။
ဘယ်လို ပြောရမှာလဲ?စိတ်ဆိုးနေတာလို့
ပြောပြီးရင် စိတ်ဆိုးရတဲ့ အကြောင်းအရင်းကိုလည်း ပြောပြရမှာပဲ။အဲ့ခါကျ ဘာဆိုင်လို့
သူက ဒီလို စိတ်ဆိုးနေမိတာလဲဆိုတာ မေးလာခဲ့ရင် သူမဖြေတတ်။အကိုနဲ့ သူဟာ သာမန် မိတ်ဆွေအဆင့်သာ၊အကိုနဲ့ အကို့ဘေးနားက
လူဟာ သူနဲ့ အကို မပတ်သက်ခင်ကတည်းက
ရှိနေပြီးသား ဆက်ဆံရေးတစ်ခု။ထိုဆက်ဆံရေးဟာ သာမန်လား?ပိုနေခဲ့တာလားဆိုတာ
သူ့လို ဘေးလူတစ်ယောက်က စပ်စပ်စုစု သိနေရမည့် အရာမဟုတ်။အကို့အပေါ်ကိုလည်း
စိတ်ဆိုးပိုင်ခွင့်မရှိပေမယ့် ခုချိန် Jungkook
အကိုနဲ့ စကားမပြောချင်။ရင်ထဲ တင်းကျပ်နေမှုက အကို့ကို မြင်သည့်အခါ ပိုဆိုးတော့သည်။
💘 Part-10 💘
Start from the beginning
