........................................................................

အကိုနေသည့် ကွန်ဒိုဘက်ကို ရောက်တော့
ကားကို parking နေရာတွင် ရပ်ပြီး
ဓာတ်လှေကားမှ တစ်ဆင့် လေးလွှာသို့ တက်ခဲ့တော့သည်။

လွယ်အိတ်ထဲက ဖိတ်စာ အဝါရောင်လေးကို
အရန်သင့် ထုတ်ထားလိုက်သည်။အကို့ဆီ
လာတာ ပထမဆုံး မဟုတ်တော့ပေမယ့်
သူ စိတ်လှုပ်ရှားနေမိသည်။

အကို့အခန်းရှေ့ ရောက်သည်နှင့်
တံခါးခေါက်ဖို့ လက်ပြင်စဉ်မှာပဲ
အနည်းငယ် ဟနေသော တံခါးချပ်ကြောင့်
ကြောင်တောင်တောင်တော့ ဖြစ်သွားသေးသည်။အကိုက တံခါးပိတ်ဖို့ မေ့နေတာများလား?

တံခါးလည်း ပွင့်နေတာမို့ တံခါးလက်ကိုင်ဘုကို
ကိုင်ကာ တွန်းကာ ဖွင့်လိုင်လျှင် ဖွင့်လိုက်ချင်းမှာပဲ မြင်လိုက်ရသည့် မြင်ကွင်းကြောင့်
Jungkook ရဲ့ ခြေလှမ်းများ ရပ်သွားတော့သည်။
တံခါးလက်ကိုင်ဘုကို ကိုင်ထားရင်းပင်
ကြောင်အစွာ ရပ်ကြည့်နေမိခဲ့သည်။

အကိုနဲ့ တခြား ယောင်္ကျားလေးတစ်ယောက် ဖက်နေကြသည့်မြင်ကွင်း။တခြား ယောင်္ကျားလေးဆိုတာထက် အကို့အနားမှာ အမြဲတွေ့ရတတ်သည့်  လူပင်။အကိုနဲ့ ထိုလူဟာ ဘယ်လို ပတ်သက်မှုရှိနေတာလဲဆိုတာ သူမသိဘူး။အကို့ကိုလည်း
မမေးချင်ဘူး။မေးမိလို့ အကို့ဘက်က သူ ထင်ထားတဲ့ စကားထွက်မလာမှာကို ကြောက်နေခဲ့သည်လား မပြောတတ်။အကိုနဲ့ တွေ့တိုင်း ထိုလူ့အကြောင်းကို မေ့ထားခဲ့သည်။

အကို့ရဲ့ ပခုံးဆီကို ခေါင်းငုံ့ကာ မျက်နှာအပ်ထားသော ထိုလူနဲ့ ထိုလူ့ရဲ့ ကျောပြင်ဆီကို ပြန်သိုင်းဖက်ပေးထားတဲ့ အကို။နှစ်ယောက်တည်း ကမ္ဘာတည်နေသူ နှစ်ဦး ကတော့ Jungkook ရောက်လာသည်ကို သတိမထားမိကြပေ။
တစ်ယောက်နဲ့ တစ်ယောက် တင်းကျပ်စွာ သိုင်းဖက်ထားမိနေကြတုန်းပင်။

လက်ထဲမှာ ကိုင်ထားမိသော ဖိတ်စာဝါဝါလေးသည် လက်သီးဆုပ်ထားခြင်းကြောင့်
တွန့်ကြေကုန်တော့သည်။ဒေါသရဲ့ ထွက်ပေါက်အဖြစ် လက်သီးဆုပ်ထားမိသော်လည်း
အင်ဂျင်နီယာလေး၏ မျက်နှာကတော့ ပကတိ
ကြည်လင်သော မျက်လုံးဝိုင်းများနဲ့ ပွေ့ဖက်နေကြသူ နှစ်ဦးအား ကြည့်နေခဲ့မိသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now