ထို့နောက်တွင်တော့ schedule အတိုင်း
ဘာသာရပ်အသီးသီးကို ဆက်ကာ သင်ကြရသည်။
နေ့လည်စာ ထမင်းစားချိန်ပြီးနောက်
Lecture ချိန်တွေသာ ဆက်တိုက်သင်ရသည်မို့
Taehyung ငြီးငြူမိတော့သည်။
"ရည်းစားလေးနဲ့ လုံးချင် အဲလေ ချစ်ချင်ပါတယ်ဆို စာတွေနဲ့ပဲ လုံးရတော့မယ် "
Taehyung စကားများကို Jungkook ကြားသော်လည်း မိမိဘာသာ အေးဆေးသာ
ဆက်နေလိုက်သည်။
စိတ်ထဲမှာတော့ ချစ်ရမယ့် ရည်းစားရှိလို့လားဟု မေးပစ်လိုက်ချင်နေသည်။
ညနေခင်း ကျောင်းဆင်းချိန် ရောက်သည့် အချိန်တွင်တော့ taehyung ကို ပြောကာ ထွက်ခဲ့တော့သည်။
"ငါ သွားပြီ "
"ဟင်..ဒီနေ့ ဘယ်မှ မသွားတော့ဘူးလား?"
"အင်း။ငါ ဝင်စရာလေးရှိလို့ "
"ဘယ်လဲ?ငါရော လိုက်ခဲ့မယ် "
"မလိုက်နဲ့"
"ဘယ်သွားမှာမို့လဲ?"
"........."
တိတ်ဆိတ်နေသော Jungkook အခြေအနေကြောင့် ဖြစ်နိုင်ချေကို taehyung ပြောမိလိုက်သည်။
"Jimin hyung ဆီလား ?"
"........"
"ဟုတ်တယ်မလား?ဟေ့ကောင် "
"အင်း"
"ငါရော လိုက်ချင်လို့ "
"မလိုက်နဲ့"
"ဘာလို့လဲ?hyungက ငါ့လည်း ခင်ပါတယ်"
"......"
"နော်!ငါ လိုက်ဖူးချင်လို့ပါကွာ "
"နေခဲ့!"
"အင်းပါ။အင်းပါ။
ဒီလောက်ဆို Kim Taehyung တို့က
အရိပ်ပြရင်၊အကောင် မြင်ပါတယ်။
မင်းနဲ့ jimin hyung နဲ့-"
"ငါတို့က ရိုးသားတယ်!"
"ငါ ဘာမှ မပြောရသေးဘူးလေ "
"တစ်ယောက်တည်း ပြောနေခဲ့တော့ "
နားရွက်ဖျားတွေ မဆိုသလောက်ရဲကာ
ထွက်သွားသော Jungkook ကျောပြင်ကို
ကြည့်ကာ taehyung ရယ်မိတော့သည်။
ဒီကောင် ရှက်သွားတာလား?
Jungkook ကို အနိုင်ယူနိုင်မည့် ချက်ကောင်းကို
ရှာတွေ့ပြီမို့ taehyung မှာ သဘောကျပြီးရင်း
ကျနေရတော့သည်။သူ့သူငယ်ချင်း ရေခဲတုံးကို
ရှက်အောင် လုပ်နိုင်သည့် jimin hyung ကိုလည်း
လေးစားပါသည်။
💘 Part-9 💘
Start from the beginning
