"မေမေ စီစဉ်ထားသလို လုပ်ပါ "
"အင်း။အ့ဆို မေမေ စီစဉ်လိုက်တော့မယ်။
မေမေလည်း မေမေ့စီးပွား ပါတနာတွေကို
ဖိတ်မှာမို့ သားလည်း သားဖိတ်ချင်တဲ့ မိတ်ဆွေ၊သူငယ်ချင်းကို ဖိတ်လို့ရတယ် "
"ဟုတ် "
"ဒါပဲမလား?"
"တစ်ခုရှိသေးတယ်"
"ဘာများလဲ?"
"သား jimin ကိုရော ဖိတ်မှာ "
"သားမိတ်ဆွေပဲဟာ ။ဖိတ်ပေါ့ "
မေမေသည် သူ့ခေါင်းလေးကို ဖွဖွလေး
ပွတ်ပေးလာသည်။သူလည်း မေမေ့ကို
ပြုံးရိပ်သန်းနေသော မျက်နှာလေးနဲ့သာ
ကြည့်နေခဲ့သည်။
သူ့ဆန္ဒတွေကို အမြဲတမ်း မငြင်းပယ်ပဲ
ဖြည့်စည်းပေးခဲ့သော မေမေ့ကို သူသိပ်ချစ်ရပါသည်။
.........................................................................
"အားလုံးပဲ! နောက်လပြီးရင်
First semester ပြီးတော့မှာမို့ final examလည်း
လာတော့မှာဆိုတာ သိကြတယ်မလား?အဲ့တော့
သင်ပြီးသမျှ သင်ခန်းစာတွေ အကုန် revision ပြန်လုပ်ထားကြပါ။ဆရာ၊ဆရာမတွေကလည်း
စာမေးပွဲ မတိုင်ခင်ထိ tutorial တွေ စစ်ပေးသွားမယ်။နောက် semester မှာ အားလုံးနဲ့ ပြန်တွေ့ချင်တယ် "
ဘာသာရပ် ဆရာမ ထွက်သွားသည်နှင့်
သူတို့လည်း ညီညာစွာ ထပြီး နှုတ်ဆက်ကြရသည်။ဆရာ Namjoon ပြီးရင် ယခု ဆရာမက
စည်းကမ်းအတင်းကျပ်ဆုံးမို့ သူတို့ ပိုကြောက်ရသည်။
"အား!ခေါင်းထဲ ဦးနှောက်မရှိတော့ဘူး "
"စာမေးပွဲ ဆိုတဲ့ အသံမကြားချင်ဘူးဟေ့!"
"စာမေးပွဲက ဖြေတော့မယ်။ခုထိ စာကမရသေးဘူး။ခွေးဖြစ်ပြီပဲ"
"ခွေးဖြစ်တောင် ငါတို့က ကိုကို့ခွေးလေးပဲဖြစ်မှာ"
ကျောင်းသူ၊ကျောင်းသားများမှာ
လာမည့် စာမေးပွဲကြောင့် ယခုကတည်းက
Stressပိနေကြတော့သည်။
Taehyung မှာလည်း မအီမသာ မျက်နှာနဲ့ ဖြစ်နေပြီး အဖော်ရအောင် Jungkook ကို ကြည့်မိတော့
ရုပ်တည်ကြီးနဲ့သာ စာအုပ်ဖတ်နေသည်။အင်းပေါ့။သူက စာတော်ကြီးဆိုတော့။
💘 Part-9 💘
Start from the beginning
