"နေပါ။ဆရာ ထမင်းချိုင့်ပါတယ် "
"ဟုတ် ။အ့ဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး "
ဆရာက ခေါင်းငြိမ့်ပြသည်မို့
နောက်တစ်ကြိမ် ခေါင်းညွှတ် နှုတ်ဆက်ပြီး
ဆရာရှေ့မှ ထွက်ခဲ့တော့သည်။
"Kim!!"
အသံစူးစူးက သူတို့နောက်ပါးဆီက
ထွက်လာတာမို့ taehyung ရော Jungkook ပါ
တိုင်ပင်စရာမလိုပဲ လှည့်ကြည့်မိကြသည်။
ဆရာနဲ့ ရွယ်တူလောက်ရှိမည့်
ယောင်္ကျားလေးတစ်ယောက်က ဆရာ့နာမည်ကို
"Kim"ဟု ခေါ်ပြီး ဆရာ့ကို ပြေးဖက်လိုက်သည့်
မြင်ကွင်း။ဆရာသည်လည်း အစပိုင်းတော့
အံ့ဩနေပုံရပြီး နောက်မှ ထိုသူ့လက်အား ဆွဲကာ
ဌာနအတွင်းသို့ ဝင်သွားတော့သည်။
ထိုအခြေအနေကို ကြည့်ပြီးနောက်
Jungkook နဲ့ taehyung တစ်ယောက်မျက်နှာ
တစ်ယောက် ပြန်ကြည့်မိကြရင်း
"တစ်မျိုးလေးနော် "
"အင်း "
Taehyung ၏ စကားကို နားလည်သည့်အလား
Jungkook က အင်း ဟု ထောက်ခံသည်။သူတို့စိတ်ထဲတွင်လည်း ဆရာနဲ့ ခပ်ချောချော အကိုတို့ရဲ့ ဆက်ဆံရေးကို ရိပ်မိသလိုလို ရှိနေကြသည်။
သို့သော် အတပ်မပြောရဲသေးပေ။ဆရာ့ကို
တစ်ကိုယ်တည်း လူပျိုကြီးလို့ပင် သူတို့အားလုံး သိထားကြလို့ပင်။
ထို့နောက်တွင်တော့ ဗိုက်ထဲက ဆန္ဒပြလာသည်မို့
Jungkook ကို ဆွဲခေါ်ကာ ကန်တင်းသို့
အမြန် သွားရတော့သည်။
.........................................................................
"မေမေ "
"အင်း..ပြောလေ "
"သား ခုနှစ် မွေးနေ့မှာ ပါတီပွဲ လုပ်ချင်လို့"
မေမေသည် လုပ်လက်စ အလုပ်ကို ရပ်ကာ
သူ့စကားကို ခေတ္တ စဉ်းစားနေသည်။
"ဘယ်မှာ လုပ်ချင်တာလဲ?"
"အိမ်မှာပဲ"
"အင်း...သားသဘောပါပဲ ။ပြီးတော့
မေမေစဉ်းစားမိတာ ရှိသေးတယ် "
"ဟုတ် "
"အစက မေမေ ဒီကြားထဲ တစ်ရက်ရက်မှာ
ပွဲစီစဉ်ပြီး သားကို ဆက်ခံသူ အဖြစ် ကြေငြာမလို့။အခု သားမွေးနေ့ကလည်း ဒီလကုန် ဆိုတော့
သိပ်တောင်မလိုတော့ဘူး။ပွဲကို တစ်ခါတည်း မေမေ ပေါင်းလုပ်လိုက်မယ်။သားမွေးနေ့မှာ
သားကို ဆက်ခံသူအဖြစ် ကြေငြာမယ်"
💘 Part-9 💘
Start from the beginning
