.......................................................................
"Jungkook !"
"အင်း "
"မင်းပြောထားတာ မမေ့နဲ့နော် "
"ဘာကိုလဲ?"
"ငါနဲ့ min Yoongi နဲ့ ...အဟမ်း
အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတာ "
"ဪ..."
"မင်း မေ့နေတာလို့တော့ မပြောနဲ့နော် "
"အစက မေ့နေတာ။ခု သတိရသွားပြီ "
"မင်း!အေးပါ..ရပါတယ်
မင်းအလို ပြည့်သွားတော့ ငါ့ကို မလိုတော့ဘူးပေါ့။ငါက မင်းအတွက် လိုသုံးလိုပါပဲ "
"ဇာတ်ကားတွေထဲလို dramaတွေ လာခင်းမပြနဲ့
Taehyung !အဓိကက မင်းနဲ့ min Yoongi နဲ့
ဆက်ဆံရေးတစ်ခု ရသွားရင် ပြီးရောမလား?"
"အင်း။မင်း တွေးထားတာ ရှိလား?
ငါ့ကို ပြောပြဦး"
"မတွေးရသေးပါဘူး။တွေးပြီးရင်လည်း
ငါ့ဘာသာ စီစဉ်ပြီး လုပ်မှာ"
"အ့ကျ ငါက ဘယ်လိုနေရမလဲ မသိဘူးလေကွာ"
"ငါ စီစဉ်ထားတဲ့ အကွက်အောက်မှာပဲ
အသာလေး နေလိုက်"
"ဟုတ်တော့ ဟုတ်ပေါ့ကွာ။
သောက်တလွဲတွေ ဖြစ်ခဲ့ရင် မင်းနဲ့ ငါနဲ့ အတွေ့ပဲ"
Taehyung သည် သူသိချင်သည်ကို
ပြောမပြတော့ Jungkook ကို ဘောက်ဆတ်ဆတ်နဲ့ အဆဲလေးပါ ရောပါလာတော့သည်။jungkookလည်း taehyung ပြောပြမှ တကယ် မှတ်မိတော့ခြင်းပင်။သူတို့နှစ်ယောက် နီးစပ်အောင် မည်သို့ စီစဉ် ပေးရမှန်း တကယ် မစဉ်းစားရသေး။
"ကန်တင်း သွားကြမလား?ငါ ဗိုက်ဆာနေပြီ "
"အင်း.။သွားမယ် "
ထို့နောက် သူငယ်ချင်းနှစ်ယောက် အခန်းထဲမှ
ထွက်ခဲ့တော့သည်။ဌာနကအထွက် လမ်းသွယ်လေးတွေ အတိုင်း လျှောက်လာနေသော
ကောင်ချောလေးနှစ်ယောက်သည် လမ်းလျှောက်ပုံကအစ မိမိုက်နေခဲ့သည်။
"မင်္ဂလာပါ ...ဆရာ "
ဆရာ Namjoon ကို တွေ့တာမို့
သူရော ၊taehyungပါ ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။ဆရာသည် နွေးထွေးစွာ ပြန်ပြုံးပြလာခဲ့သည်။
"ဘယ်သွားကြမလို့လဲ?"
"ကန်တင်းသွားမလို့ ဆရာ။
ဆရာရော မစားရသေးရင် တစ်ခါတည်း
လိုက်ခဲ့ပါလားဗျ"
💘 Part-9 💘
Começar do início
