"ဟုတ်။မေးပါ "
"သား အခုတလော အိမ်ပြန်ချိန်တွေ နောက်ကျတတ်တယ်။သားရဲ့ ကျောင်း schedule ကို
မေမေ သိထားပြီးသား။သားက ယောင်္ကျားလေးမို့လို့ အိမ်ပြန်ချိန် နောက်ကျတာမျိုးက
စိုးရိမ်ရတာမျိုး မရှိပေမယ့် သားတစ်ယောက်ပဲ
မေမေ့မှာရှိတာမို့ အနည်းနဲ့အများတော့
စိတ်ပူမိတယ် "
"........."
"မေမေသိတယ်။သား မေမေ့ကို
စိတ်ပျက်အောင် မလုပ်မှန်း ။သားကို ယုံလည်း
ယုံတယ်။အ့ကြောင့် မေမေ သားဘယ်တွေသွားတယ်၊ဘာလုပ်တယ်ဆိုတာ မစုံစမ်းပဲ နေခဲ့တာ။
လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ် နေခွင့်ပေးထားတယ်ဆိုတာ မီးကုန်၊ယမ်းကုန် ကဲဖို့ထိတော့ မပါဘူးနော်။မေမေပြောတာ သားနားလည်လား?"
"ဟုတ် ...သား နားလည်ပါတယ် "
"အင်း။ခုရက်ပိုင်း ဘာလို့ အိမ်ပြန်ချိန်တွေ
နောက်ကျလဲဆိုတာ သိခွင့်ရှိမလား ?"
"သား...အသိမိတ်ဆွေ တစ်ယောက်အိမ်ကို
သွားနေတတ်လို့ပါ "
"ဘယ်သူလဲ ?"
သားဘက်က ခေတ္တ တိတ်ဆိတ် သွားပြီးနောက်
တည်ကြည်သော မျက်နှာအနေအထားနဲ့သာ
သူမကို ပြန်ဖြေလာသည်။
"Jimin ။Park jimin ပါ "
"သူက ဟိုတစ်ခါ သားတို့ ကျောင်းကပွဲမှာတုန်းက ကတဲ့ တစ်ယောက်မလား?"
"ဟုတ် "
"သူနဲ့ သားနဲ့က ဘယ်လို တွေ့ကြတာလဲ?"
"အရင်ကတည်းက မျက်မှန်းတန်းမိနေတာပါ။
နောက်မှ မိတ်ဆက်ရင်း ရင်းနှီးသွားကြတာပါ "
"အော်..ဟုတ်ပါပြီ။ဒီလိုဆို တော်ပါသေးတယ်။
မေမေ့သား ရည်းစားတွေများ ထားနေပြီလားလို့"
"သား ချစ်ရမယ့်သူ မတွေ့သေးပါဘူး "
"မတွေ့သေးဘူးဆိုတာ တွေ့လာမယ့် သဘောပေါ့"
"တွေ့ခဲ့ရင်လည်း မေမေ့ကို ဦးဆုံးအသိပေးမှာပါ"
"ဟုတ်ပါပြီ။ရေသွားချိုးချည်တော့။
ပြီးရင် ညစာ စားရအောင် ဆင်းခဲ့.."
"ဟုတ် "
သားဖြစ်သူ အပေါ်ထပ် တက်သွားမှ
သူမလည်း စားပွဲပေါ်က MacBook ကို ယူကာ
Mailများ စစ်ကြည့်နေလိုက်သည်။
💘 Part-9 💘
Start from the beginning
