"ရပြီ"
Jungkook လက်ကို သေချာ စည်းပေးပြီးနောက်
Jungkook ကို ကြည့်ပြီး ပြောမိရာ
မိမိကို ကြည့်နေသော မျက်လုံးဝိုင်းများနဲ့ ဆုံသည်။jungkook မျက်လုံးများရဲ့ အကြည့်ကို
သူ လည်း သတိလွတ်စွာပင် တန်ပြန် စိုက်ကြည့်နေမိသည်။
အချိန်တစ်ခုထိ တစ်ယောက်နဲ့ တစ်ယောက်
အကြည့်ချင်းဆုံနေပြီးနောက်
Jungkook ဘက်ကပဲ မျက်လွှာအရင်ချပြီး
အကြည့်လွှဲသွားသည်။
"ဟို...ကျွန်တော် ပြန်တော့မယ် "
"အင်း....လိုက်ပို့ပေးရမလား ?"
"ကားပါတယ် "
"ဟုတ်ပြီ..အ့ဆို ဂရုစိုက်ပြန်ပါ "
"အင်း...အကိုရောပဲ "
"အကိုရောပဲဆိုတာ ?"
Jimin မေးတော့ ရှေ့တူရှုကို ကြည့်နေရာမှ
သူ့ကို ပြန်ကြည့်လာခဲ့သည်။
"အစစအရာရာ ဂရုစိုက်ဖို့ပါ "
"စိတ်ပူတယ်လား?"
ရွှန်းစိုသော အကြည့်လေးများနဲ့ ကြည့်ပြီး
ပြုံးရိပ်သန်းနေသော နှုတ်ခမ်းလေးနဲ့ jimin မေးမိပြန်တော့ အင်ဂျင်နီယာလောင်းလေးသည်
အရှေ့ကို ပြန် လှည့်သွားသည်။
"ထားပါ...လာ!
တံခါးပေါက်ထိ လိုက်ပို့ပေးမယ် "
"အင်း "
"အကို့ကို အချိန်တိုင်း စိတ်ပူတာပါ"ဆိုသည့်
စကားကိုတော့ အင်ဂျင်နီယာလေးသည်
စိတ်ထဲကနေသာ ပြောနေခဲ့ပြီး နှုတ်ဖျားတို့မှ
ထုတ်ဖော်မပြောခဲ့ပါ။
...........................................................................
"သား!မေမေ့နား ခန လာဦး "
"ဟုတ် "
အိမ်တော် ပြန်ရောက်သည်နှင့်
ကားကို ဂိုဒေါင်ထဲ ကိုယ်တိုင်ပဲ သွင်းခဲ့လိုက်ပြီးနောက် ဝင်ခဲ့လိုက်သည်။အိမ်ရှေ့ ဧည့်ခန်းက အဖြတ် မေမေ့အသံကြားသည်မို့ အပေါ်ထပ် တက်မည့် ခြေလှမ်းများ ယုတ်ကာ မေမေ့နဲ့ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"သားကို ပြောစရာရှိလို့လား ?"
"အင်း။မေးစရာဆို ပိုမှန်မယ် "
💘 Part-9 💘
Start from the beginning
