ပန်းကန်ကို ယူပြီး ဘေစင်ပေါ်သို့ ထားလိုက်ပြီးနောက် Jungkook ရဲ့ လက်နှစ်ဖက်ကို
ကြည့်လိုက်မိသည်။ညာဘက်လက်တွင် ဒဏ်ရာ
မတွေ့သော်လည်း ဘယ်ဘက် လက်ဖမိုးပြင် က
နီရဲကာ အဖုသေးသေးလေးတွေပင် ထနေသည်။
ဖြူဖွေးသော အသားအရေလေးထက် ထိုသို့
ဒဏ်ရာလေးက အကျည်းတန်စွာ ထင်သာနေတော့သည်။သူ အစောကတည်းက ဘာလို့
သတိမထားမိပါလိမ့်။မိမိကိုယ်ကိုလည်း အပြစ်တင်ရင်း Jungkook လက်ကိုကြည့်ကာ
Jimin စိတ်ထဲ နေလို့မကောင်းတော့ပေ။

"ဘာဖြစ်တာလဲ?"

"ရတယ်... အပူလောင်သွားရုံလေးပဲ"

"အပူလောင်ရုံလေးလည်း ပေါ့လို့မရဘူးလေ။
ဒီမှာ ကြည့်ဦး!အရည်ကြည်ဖု တောင် ထနေပြီ။"

"ကျွန်တော် အဆင်ပြေ.."

အကို့ရဲ့ မကြည်သလို အကြည့်လေးအောက်မှာတင် Jungkook ဆက်မပြောမိတော့ပေ။

"လာ!"

လက်မောင်းကနေ ကိုင်ဆွဲကာ ဧည့်ခန်းက
ဆိုဖာခုံတွင် jungkookကို ထိုင်စေပြီး
သူကိုယ်တိုင်ကတော့ ဆေးသေတ္တာကို သွားယူရသည်။

ဆေးသေတ္တာ ယူပြီးသည်နှင့်
Jungkook အနားတွင် ဝင်ထိုင်လိုက်သည်။

ဆေးသေတ္တာကို ဖွင့်ပြီး အပူလောင်ရင် လိမ်းရသည့် gel cream ဗူးလေးကို ယူပြီး လိုသလောက်
ညစ်ယူပြီးနောက်

"ပေး..လက်!"

လက်မပေးဘဲ သူ့ကိုသာ
တည်တည်ကြည်ကြည်လေး စိုက်ကြည့်နေတာမို့
Jimin ကပဲ လက်ကို ဆွဲယူကာ ဆေးလိမ်းပေးရသည်။

စပ်မှာ စိုးသည့်အတွက် ဆေးအသာလိမ်းရင်း
နှုတ်ခမ်းတို့မှလည်း လေအေးအေးလေးများ မှုတ်ပေးနေမိသည်။

သူ့လက်ကို ဆေးလိမ်းပေးရင်း
နှုတ်ခမ်းဖူးဖူးလေးက ရှေ့သို့ ဆူလာပြီး
မစပ်စေရန် လေအေးအေးများ မှုတ်ပေးနေသော
အကို့ကိုသာ အထက်စီးမှ ငေးကြည့်နေမိသည်။

"ပတ်တီးရော စည်းပေးလိုက်မယ်။
ရေထိမှာစိုးလို့ "

"အင်း "

အကိုသည်  ပတ်တီးဖြူလိပ်နဲ့ သေချာ
စည်းနှောင်ပေးနေသည်က သူ့လက်က
ဒဏ်ရာကို ဆိုပေမယ့် မဆီမဆိုင် သူ့နှလုံးသားကိုပါ ချည်နှောင်နေသည်ဟု ခံစားနေရသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now