ကမာခွံများ ပြုတ်ပြီးသည့်အချိန်တွင်တော့
ဇကာ တစ်ခုနဲ့ ဆယ်ယူကာ အအေးခံထားလိုက်သည်။ပြုတ်ထားသည့် ရေနွေးများကိုတော့ ဘေစင်ထဲသို့ သွန်ချလိုက်သည်။ထို့နောက် ထို ဒယ်အိုးထဲပဲ ရေအသစ်ထပ်ထည့်ပြီး
Stove ပေါ် ပြန်တင်လိုက်သည်။ရေနွေးပြန်ဆူလာသည်နှင့် ဟင်းအနှစ်ထုတ်များ၊လိုအပ်သည့် အရသာအမှုန့်များကို video ထဲကအတိုင်း
လိုအပ်သလို ထည့်လိုက်သည်။ထို့နောက် ကမာခွံများကို ပြန်ထည့်သည်။မွှေးပျံ့သော အနံ့လေး ထွက်လာပြီ ဆိုမှ ရေစိမ်ထားသော အရွက်များကို စစ်ဆယ်ယူကာ ထို ဒယ်အိုးထဲသို့ ရောထည့်လိုက်သည်။အဖုံးခန ဖုံးထားလိုက်ပြီး
စောင့်နေလိုက်သည်။စက္ကန့်ပိုင်းအကြာမှာတော့
သူ့ရဲ့ ပထမဆုံး ဟင်းပွဲလေးက အောင်မြင်စွာ
ရရှိလာခဲ့တော့သည်။

Stove ကို မီးပိတ်ပြီး ဒယ်အိုးကို ဘေးသို့ ချထားလိုက်သည်။stand နဲ့ ထောင်ထားသော
ဖုန်းကို ယူပြီး ဧည့်ခန်းဘက်သို့ ပြန်ထွက်ခဲ့လိုက်သည်။နာရီကို ကြည့်မိတော့ နေဝင်နေပြီမို့
အကို့ ကို နှိုးရန် အိပ်ခန်းတံခါး အသာဖွင့်ကာ
ဝင်ခဲ့လိုက်သည်။

မွေ့ယာဖြူဖြူထက် အေးချမ်း၊နှစ်ခြိုက်စွာ
အိပ်ပျော်နေသော အကိုသည် အသက်ရှုသံ မှန်မှန်လေးနဲ့ပင်။မျက်နှာမို့မို့လေးက ခေါင်းအုံးဖြူဖြူထဲ နစ်မြုပ်လို့နေသည်မှာ တစ်မျိုးလေး
ချစ်စရာကောင်းနေတော့သည်။

Jungkook ကိုယ်တိုင်လည်း မိမိကိုယ်ကို
နားမလည်နိုင် ဖြစ်မိနေတုန်းပင်။အကိုနဲ့
ပတ်သက်မိပြီးမှ သူ့ဘဝတွင် မလုပ်ဖူးသော
အလုပ်များကို လုပ်ခဲ့မိသည်။သူတစ်ပါးကို
ဂရုမစိုက်တတ်တဲ့ သူက အကို့ကိုတော့
လိုလိုလားလားပင် ဂရုစိုက်နေချင်သည်။အကို့အနား ရှိနေပေးချင်သည်။အကို့မျက်နှာလေး
တစ်နေ့ တစ်ခါလောက်တော့ မြင်ချင်သည်။
အကိုဟာ တဖြေးဖြေးနဲ့ သူ့စိတ်ကို စိုးမိုးထားရုံမက ရင်ဘတ်ထဲက နှလုံးသားဆီကိုပါ ဆက်တိုးဝင်နေခဲ့သည်လားမပြောတတ်။

သူ့နှလုံးသားထဲ အကို့နာမည် ရေးရေးလေး
စထွင်းနေပြီဖြစ်သည်။

"အကို ...."

ကုတင်ဘေး မတ်တပ်ရပ်နေရင်းပင်
အကို့ကို ခေါ်ကာ နှိုးလိုက်သည်။အကို နိုးမလာသေး။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now