"Park jimin ဟာတဲ့လေ "။

ဒီ ကွန်ဒိုက jimin hyung ဟာ ဖြစ်နေလို့ ထူးဆန်းနေမိခြင်းမဟုတ်ပါ။jimin hyungနဲ့ Jungkook ရဲ့
ဆက်ဆံရေးကို သူသိချင်နေမိရုံပင်။မိတ်‌ေဆွစည်းတစ်ခုထက် ကျော်လွန်နေပြီလားဆိုတာ သူသိချင်သည်။

Kitchen counter ဘက် ပြန်သွားပြီး
Taehyung ပို့လာသော အထုတ်များထဲမှ
ပစ္စည်းများကို ထုတ်ကာ အအေးခံ ထားရမယ့် အရာများကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်သည်။ကျန်သည့် ကုန်ခြောက် ပစ္စည်းများကိုတော့ mini shelf လေးများပေါ် အစီအရီ တင်ထားလိုက်သည်။အစာပြေ မုန့်များကိုလည်း
ထိုနေရာမှာပဲ စီကာ ပေးလိုက်သည်။သူ မှာလိုက်သည့် စားစရာများက ကျန်းမာရေးနဲ့ ညီညွှတ်သည့် စားစရာများဖြစ်သည်မို့ အကို့အနေနဲ့
အလွန် သင့်တော်ပါသည်။

တစ်လက်စတည်း အကိုနိုးလာရင်
အရန်သင့်စားဖို့ ညနေစာပါ ချက်ဖို့ တွေးမိသည်နှင့် တစ်ခါမှ မီးဖိုချောင် မဝင်ဖူးသည့်
ကိုယ့်အဖြစ်ကို သတိရသည့်အခါ Jungkook စိတ်ထဲ မကျေနပ်မိတော့ပေ။သို့သော်
မချက်တတ်လို့ ငြိမ်နေမယ်ထဲ Jungkook မပါပါ။ချက်ချင်း ဖုန်းသွားယူကာ YouTube ထဲ
ဝင်လိုက်ပြီး သူချက်ချင်သည့် ဟင်းနာမည်ကို
Typing ရိုက်လိုက်သည်နှင့်  ချက်နည်းအမျိုးမျိုးက ပေါ်လာတော့သည်။ထိုထဲကမှ viewsအများဆုံးတစ်ပုဒ်ကို ရွေးပြီး စဖွင့်ထားလိုက်သည်။
ထိုထဲကအတိုင်း လိုအပ်သည့်  ပစ္စည်းများအရင်ယူကာ counter ပေါ်တင်ထားလိုက်သည်။ထို့နောက် ရေစိမ်ထားရမည့် အရွက်များကို
ဇလုံအကြီးတစ်ခုထဲတွင် ရေထည့်ပြီး စိမ်ထားလိုက်သည်။

Stove ကို မီးဖွင့်ပြီးသည်နှင့် ဇောက်နက်သည့်
ဒယ်အိုးတစ်လုံးတင်ကာ ရေထည့်ထားပြီး
အဖုံးပါ ပိတ်ထားလိုက်သည်။မိနစ်အနည်းငယ် ကြာပြီးသည့်နောက်တွင်တော့ ရေနွေးဆူလာတာမို့ အဖုံးဖွင့်ကာ ရေဆေးထားသော
ကမာခွံများကို ထို ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ ထည့်လိုက်သည်။မီးဖိုခန်းကို အခုမှ စဝင်ဖူးသည့် အင်ဂျင်နီယာလေးရဲ့ လက်ဖမိုးထက် ရေနွေးစင်သွားသည်ကို သူကိုယ်တိုင်ပင်
သတိမထားမိလိုက်ပေ။သူစိတ်ထဲ ရှိနေသည်က
နှစ်ခြိုက်စွာ အိပ်ပျော်နေသော အခန်းထဲက
ကောင်လေး နိုးလာရင် စားဖို့ အရန်သင့် ဖြစ်နေဖို့ပင်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now