အားလုံး ဝယ်ပြီးသည့်နောက်တွင်တော့
Super market မှ ထွက်ခဲ့တော့သည်။ထို့နောက်တွင်တော့ Jungkook ပို့ထားသည့် location အတိုင်း မောင်းခဲ့တော့သည်။
ဇိမ်ခံ အထပ်မြင့် အဆောက်အဦးများရှိရာ
အိမ်ရာဝင်းကြီးထဲသို့ ဝင်ကာ parking တွင်
ကားရပ်ထားခဲ့လိုက်သည်။
တင်းတောင်!
Jungkook ပို့ထားသည့် အခန်းနံပါတ်အတိုင်း
ဓာတ်လှေကား စီးပြီး ရောက်သည့်အခါ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။မကြာ တံခါးချပ်ပွင့်လာပြီး သူ့သူငယ်ချင်း ရေခဲလူသားကို တွေ့ရသည်။
"မင်္ဂလာပါ!"
"ပါခဲ့လား?"
"အင်း!ဒီမှာ.. အကုန်ရခဲ့တယ်
ဘောင်ချာရော အဲ့ထဲမှာ "
"အင်း "
Taehyung လက်ထဲမှ အထုတ်များကို
Jungkook လက်လွှဲပြောင်းယူပြီး
Kitchen counter ဘက် သွားထားလိုက်သည်။
ထို့နောက် ကုန်ကျစရိတ်ကို taehyung ၏
Accထဲကို အကုန် လွှဲလိုက်သည်။
"မင်း accထဲ ထည့်ပေးလိုက်ပြီ
ကြည့်လိုက်ဦး "
Taehyung မိမိဖုန်းကို ဖွင့်ကာ
Bank accထဲ ကြည့်မိရာ Jungkook ဆီက
ငွေလွှဲဝင်ထားကြောင်း notification တစ်ခု
ကျထားသည်။
"အင်း!ရောက်တယ် "
"အ့ဆို မင်း ပြန်လို့ရပြီ "
"ကျေးဇူးကန်းလိုက်တာ !"
"ဘာပြောတာ !"
Taehyung ပါးစပ်ကလေး လှုပ်ရုံ
တိုးတိုးသာ ပြောလိုက်မိပေမယ့်
နားပါးသူ Jungkook မှာ ကြားလိုက်ရသေးသည်။
"ဘာမှ မဟုတ်ဘူး။မင်း ပြောတဲ့ဟာ မေ့နေမှာစိုးလို့ သတိပေးတာ "
"မမေ့ဘူး...."
"အင်း...အ့ဆို ငါ သွားပြီ ..ဟေ့ကောင်"
"အင်း "
Taehyung ပြန်ဖို့ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီးမှ
သိချင်သော စိတ်ကြောင့် ပြန်လှည့်ကာ
"ဒါနဲ့....ဒီ ကွန်ဒိုခန်းက ဘယ်သူနေတာလဲ?"
Jungkook သည် သူ့အား တည်ငြိမ်စွာပဲ
ကြည့်နေခဲ့သည်။ထို့နောက် ဘာမှ မဖြစ်သလို
မျက်နှာပေးနဲ့ တံခါးပေါက် မပိတ်ခင် ပြောသွားသော စကားသာ taehyung နားထဲ ပြန်ကြားယောင်နေမိတော့သည်။
💘 Part-8 💘
Start from the beginning
