ဆိုဖာခုံဆီ ပြန်သွားကာ လွယ်အိတ်ထဲက
ဖုန်းကို ထုတ်လိုက်ပြီး contact name တစ်ခုကို
နှိပ်လိုက်သည်။

ဖုန်းသည် တဒူဒူ ဝင်သွားပြီးနောက်

"အေးပြော !"

Taehyung ရဲ့ ဩရှရှ အသံက ဖုန်းထဲတွင်တောင်
နားထောင်ကောင်းနေတော့သည်။

"ငါ message ပို့လိုက်မယ်။အဲ့ထဲကအတိုင်း
ပစ္စည်းတွေ ဝယ်ပြီးရင် message ထဲက
Location အတိုင်း လာပို့ပေး "

"ဟ!အကူအညီတောင်းနေတာလား?
အစေခံလို ခိုင်းနေတာလား မသဲကွဲဘူး။
မင်း နည်းနည်း လေသံလေး ပြင်ပြောလိုက်
အဲ့တာဆို စဉ်းစားပေးမယ် "

"Min Yoongi !သူနဲ့ မင်း ဒီတစ်ပတ်အတွင်း
ချစ်သူတွေ ဖြစ်စေရမယ် "

"ဘယ်လို !"

Taehyung မယုံနိုင်သလို ဖြစ်မိတော့သည်။
Jungkook လို ကောင်က သူနဲ့ yoongi ကို
ချစ်သူတွေ ဖြစ်အောင် လုပ်ပေးမည်တဲ့လား?
သူတောင် ဖွင့်မပြောရဲသေးလို့ ဒီချိန်ထိ နေနေတာ
Jungkook လို ရေခဲရိုက်ထားသလို နှလုံးသားနဲ့ လူက အချစ်အကြောင်း နားမလည်ပါပဲ
သူ့ကို အောင်သွယ်ပေးမည်ဆိုတာက
အထူးအဆန်းပင်။

"ငါ နှစ်ခါမပြောဘူး .. taehyung "

"အေး...အေးပါကွာ။အခုပို့လိုက်
နာရီဝက်အတွင်း ရောက်စေရမယ် "

သူ့စကားဆုံးသည်နှင့် တီကနဲ ကျသွားသော ဖုန်းကြောင့် taehyung ဒေါသထွက်မိပြန်သည်။
လူက အချိုးမပြေသလို၊စကားတွေမှာလည်း
အချိုးမပြေလှပါ။သံယောဇဉ် အခံလေးကြောင့်သာ သူ Jungkook နဲ့ ဆက်ပေါင်းနေမိတာ။
Jungkook ရဲ့ ဘုကလန့် ပြောပုံနဲ့ အေးတိအေးစက်ပုံသာဆိုရင် တကယ့် လူရိုက်ပေါက်။

စိတ်ထဲကနေ မေတ္တာပို့နေတုန်း
ဖုန်းထဲ ဝင်လာသော message တစ်ခု။
အခုတော့ ကိုယ်က အကျိုးလိုနေသူမို့
Jungkook အကူအညီ တောင်းထားသည့်အတိုင်း ပစ္စည်းများဝယ်ရန် super market သို့
ထွက်ခဲ့တော့သည်။

Super market ထဲ ရောက်သည်နှင့်
Message ထဲကအတိုင်း ပစ္စည်းများကို ရှာဝယ်ရသေးသည်။ပိုက်ဆံကလည်း မိမိအိတ်ထဲမှ စိုက်သုံးထားရခြင်းမို့ ပစ္စည်းသွားပို့ရင်း အတိုးနဲ့
Deliveryခရောပါ ပေါင်းပြီး  တောင်းဖို့
တွေးထားသည်။သူ ကူညီပေးတာက နောက်မှ
ကိုယ် ကူညီတာက အရင်မို့ ရတုန်း ယူထားတာ
အကောင်းဆုံးပင် ။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Donde viven las historias. Descúbrelo ahora