"ပြောပါဦး!ဘယ်လို ရောက်လာတာလဲ?"
"ဖုန်းထဲမှာ အကို့အသံက အဆင်မပြေနေလို့!
ပြီးတော့ ပျို့တဲ့ အသံရော ကြားလိုက်လို့မို့ "
"အ့ကြောင့် ကျောင်းကနေ ဒီထိ ရောက်ချလာတာလား ?"
"အတန်းပြီးနေပါပြီ "
"အင်း!အတန်းချိန် လာတာဆိုရင် ဆူတော့မလို့!"
Jimin ထိုသို့ ပြောတော့ တစ်ချက်ကြည့်လာပြီး
အရှေ့ကိုသာ ပြန်လှည့်သွားသည်။
"အခုရော အဆင်ပြေရဲ့လား?ဆေးခန်းသွားမလား?"
"ရတယ်။အစာမကြေ ဖြစ်သွားရုံပဲ။
အကိုက အစားမာ တွေနဲ့ မတည့်ဘူး..."
ခေါင်းလေး ငြိမ့်ပြပြီး ငြိမ်သွားပြန်သည်။
တကယ်ပါ Jungkook သည် စကားကို
လိုရင်း၊တိုရှင်းသာ ပြောတတ်ပြီး အနေအေးတတ်သူဖြစ်ပေမယ့် သူကိုယ်တိုင်ကလည်း
ထိုရေခဲတုံးလေးကို ရင်ခုန်နေမိတာကတော့
အခက်သားရယ်။
"အ့ဆို ကျွန်တော် ပြန်တော့မယ် "
"ဟင်...အခုလား ?"
"အင်း "
"အင်းပါ....အကိုလည်း အခုအဆင်ပြေတာမို့ ပြန်လို့ရပါတယ် "
"နေစေချင်သေးလား?"
"ဘာကို "
"ကျွန်တော့်ကို နေစေချင်သေးလား ?"
Jimin ဖွဖွလေး ပြုံးမိတော့သည်။
"အကိုက ဆက်နေစေချင်တယ်ဆိုရင်
နေပေးမှာပေါ့ "
"အင်း "
"အိုခေ!မင်းကို နေစေချင်တယ် "
"အင်း....ကျွန်တော်နေပေးမယ် "
"ဟုတ်ပြီ...အခု အကို ခန သွားအိပ်လိုက်ဦးမယ်
မိုးမချုပ်ခင် လာနိုးပေး"
"အင်း "
Jungkook သူ့အနားမှာ ရှိနေသေးသည်ဆိုတဲ့
အချက်နဲ့ပင် သူ့အတွက် လုံခြုံမှုလို ခံစားနေရသည်။jungkookက သူ့စိတ်အစဉ်ကိုပါ လုံခြုံမှု
ပေးနိုင်သည်။
အကို အခန်းထဲ ဝင်သွားသည်နှင့် ဆိုဖာပေါ်မှ
ထကာ kitchen counter ဘက် သွားလိုက်သည်။
ရေခဲသေတ္တာနဲ့ shelf များပေါ် သွားကာ ကြည့်မိတော့ ဘီယာဗူးတချို့နဲ့ အသင့်စား ခေါက်ဆွဲ ထုတ်များသာ နေရာယူထားသည်။အကို့ရဲ့ စားသောက်ပုံ ကို တွေးကြည့်ကာ Jungkook မျက်မှောင် ကြုံ့မိသည်။ဒီခန္ဓာကိုယ်ငယ်လေးက ဒါတွေပဲ စားတာများတော့ ဒဏ်မခံနိုင်တာ မဆန်းတော့ပေ။ဒါတောင် အချိန်ရတိုင်း အကကို လေ့ကျင့်နေတတ်တော့ ခန္ဓာကိုယ်သည် တကယ် နေမကောင်းဖြစ်လာသည့်အခါ ဒဏ်မခံနိုင်တော့ခြင်းပင်။
💘 Part-8 💘
Start from the beginning
