ထပ်မံ ပျို့လာပြန်တာကြောင့်
ဖုန်းကို စားပွဲပေါ် ထားခဲ့ကာ ပါးစပ်ပိတ်ရင်း
သန့်စင်ခန်းထဲ ပြေးရပြန်သည်။
ဝမ်းဗိုက်ဆီမှ လှိုက်တက်လာမှုသည်
အချိန်ကြာလာတော့ ဝမ်းဗိုက်ကြွက်သွားတွေပင်
နာလာသည်။အစာတွေပါ မက ၊လေတွေပါ (လေအန်တယ်ဆိုတာက အရည်တွေပဲ အန်တာပါ )အန်နေခြင်းကြောင့် အင်အားတွေပင် မရှိတော့သလို ခံစားရသည်။
"ဟင်းး"
ဘေစင်တွင် လက်ထောက်ပြီး အမောဖြေနေရသည်။ဝမ်းဗိုက်ထဲတွင်လည်း နေလို့ အဆင်မပြေတာကြောင့် ဘေစင်နားတွင်သာ ဆက်ရပ်နေလိုက်သည်။တဖြေးဖြေး နေရတာ အဆင်ပြေလာပြီဆိုမှ သွားတိုက်ပြီး မျက်နှာပါ သစ်ခဲ့လိုက်သည်။
"ဟင်"
မိမိအခန်းထဲက အထွက် ဧည့်ခန်းက ဆိုဖာခုံပေါ်
ရောက်နေသော Jungkook ကြောင့်
အံ့ဩသွားရသည်။ကျောင်းဝတ်စုံပဲ ဝတ်ထားပုံထောက်ရင် ဒီကောင်လေး ကျောင်းကနေ
သူ့ဆီကို ရောက်ချလာခြင်းပင် ဖြစ်လိမ့်မည်။
"Jungkook ...ဘယ်လို ?"
Jungkook နား ဝင်ထိုင်ရင်း မေးမိသော်လည်း
နဖူးပြင်ပေါ် ရောက်လာသော Jungkook ရဲ့
လက်ဖမိုးလေးကြောင့် jimin စကားများ ရပ်သွားမိသည်။
Jimin မျက်လုံးလေး ဝိုင်းရင်း ကြည့်နေမိသလို
Jungkook သည်လည်း တည်တည်ငြိမ်ငြိမ်လေးပင် သူ့ကို ပြန်ကြည့်နေခဲ့သည်။jungkookလက်က သူ့နဖူးပြင်မှာ ဆိုပေမယ့်
သူ့ရဲ့ နှလုံးသားလေးကပါ အရှိန် ပြင်းပြင်းနဲ့
စခုန်ပေါက်လာတော့သည်။
"Jungkook"
Jimin နာမည် ထပ်ခေါ်မှ မျက်တောင်ဖျားများ
ခပ်ပြီး သူ့ဆီက အကြည့် လွှဲသွားသလို၊
နဖူးပေါ်က လက်သည်လည်း ဖယ်ခွာ သွားသည်။
ဆိုဖာပေါ် ထိုင်နေကြရင်းပင် နှစ်ယောက်စလုံး
ခေတ္တတော့ တိတ်ဆိတ်နေမိကြသည်။သူ့ဘေးနားမှာ တည်တည်ငြိမ်ငြိမ်လေးနဲ့ ငြိမ်သက်စွာ ထိုင်နေသော ကောင်လေးကို jimin ကြည့်မိသည်။
ဘေးတိုက်အနေအထားကနေ မြင်နေရတဲ့
မေးရိုးထင်းထင်းသည် ဆွဲဆောင်မှုတစ်ခုလို ပြောရမလား?သေသပ်စွာ ပိတ်ထားသည့် နှုတ်ခမ်းတစ်စုံက သူ့ကို ပြောဖို့ စကားစရှာနေပုံရသည်။
KAMU SEDANG MEMBACA
သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်
Fiksi Penggemarကကြိုးတွေ ပျောက်ကွယ်သွားတဲ့အခါ........
💘 Part-8 💘
Mulai dari awal
