"‌ဝေါ့!"

ဝမ်းဗိုက်ထဲကနေ လည်ချောင်းတစ်လျှောက်ထိ
ထိုးတက်လာသော ခံစားချက်ကြောင့်
ပါးစပ်အုပ်ကာ သန့်စင်ခန်းထဲ ပြေးရတော့သည်။

ဟိုတယ်မှာတုန်းက အလုပ်ကိစ္စဆွေးနွေးကြရင်း
စားခဲ့သည်မို့ အစာမကြေ ဖြစ်သွားခြင်းဖြစ်လိမ့်မည်။jiminသည် အစားမာ များနဲ့
မတည့်သည့် ဓာတ်ခံပါသည်။တခါတရံ ကိစ္စမရှိပေမယ့် ကြိမ်ဖန် များစွာ အစားမာများ စားမိပါက ဝမ်းဗိုက်သည် သိသိသာသာပင် နေရခက်လာပြီး ထိုးအန်တတ်သည်။

Jungkook နဲ့ ဒုတိယအကြိမ် တွေ့ပြီး
စ စကားပြောတဲ့နေ့ကလည်း သူ ယခုလို
အန်ခဲ့သေးသည်။ထိုနေ့က hyung နဲ့ အတူ စားနေရင်း ပျို့တက်လာသည်ကြောင့် မနေနိုင်စွာ သန့်စင်ခန်းထဲသို့ အပြေးဝင်ခဲ့ရသည်။သန့်စင်ခန်းထဲရောက်မှ Jungkook နဲ့ တွေ့ရခြင်းဖြစ်သည်။
တံခါးဖွင့်ဖွင့်ချင်း ထိုကောင်လေး မျက်နှာမြင်လိုက်ရလို့ အံ့ဩနေမိသော်လည်း ဝမ်းဗိုက်ထဲမှ
ထပ်မံ ပျို့တက်လာသည်ကြောင့် Jungkook ကို ကျော်ကာ  ဘေစင်သို့ ပြေးရင်း အန်ရတော့သည်။စိတ်ထဲ ထိုကောင်လေး ထွက်မသွားသေးသည်ကို သိသောကြောင့် သူ့ကို ကူညီပေးဖို့ ပြောခဲ့မိသည်။အတန်ကြာထိ တုံ့ပြန်သံ မကြားရတာကြောင့် ထွက်သွားပြီလို့ စိတ်ထဲ ထင်နေမိခဲ့သော်လည်း ကျောပြင်ကို လာနှိပ်‌ပေးသော လက်ကလေးကြောင့် ထို ကောင်လေး ထွက်မသွားသေးမှန်း သိရတော့သည်။

တီ တီ တီ

သန့်စင်ခန်းထဲက ထွက်လာသည်နှင့်
ခုံပေါ်မှာ တင်ထားသည့် ဖုန်း ringtone သံကြောင့် သွားကြည့်မိရာ Jungkook ဆီက ဖြစ်လို့နေသည်။

"ဟယ်လို "

"အကို "

"အင်း "

"တစ်ခုခု ဖြစ်နေတာလား ?"

Jimin ရဲ့ တိုးဖျဖျအသံမှာ ဝေဒနာခံစားနေရသည့်
အငွေ့အသက်များ  ပါနေသည်မို့ Jungkook ရိပ်မိစွာ မေးမိတော့ အကို့ဘက်က ခေတ္တတော့ အသံတိတ်သွားသည်။

"မဟုတ်ပါဘူး ...အကို အဆင်ပြေတယ် "

"........."

"ဘာလို့ ဖုန်းဆက်...ဝေါ့!!"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now