"အကို .."

အသံနှုန်းလေး အနည်းငယ်မြင့်ကာ
ခါးအနည်းငယ် ကိုင်းပြီး ထပ်နှိုးကြည့်သည်။
အကိုဟာ အိပ်ပျော်နေဆဲ။

"အကို...."

နောက်ဆုံး မွေ့ယာကို လက်နှစ်ဖက်ဖြင့်ထောက်ပြီး  အိပ်ပျော်နေသော အကို့မျက်နှာလေးနား
တိုးကပ်ပြီး ထပ်ခေါ်လိုက်သည်။

နားထဲ အိပ်မက်လိုလို ခပ်ရေးရေးသာ
ကြားနေရသည့် အသံ ကြည်ကြည်လေးနဲ့
'အကို'ဟု ခေါ်နေသည်မို့  အသိစိတ်ကပ်ကာ
သေချာနားစွင့် ကြည့်မိတော့ သူ့ရဲ့ အင်ဂျင်နီယာလောင်းလေးအသံ။

"ဟင်...."

သေချာပြီဆိုမှ မျက်လုံးများကို ဖွင့်ကြည့်မိတော့ နီးကပ်စွာ မြင်နေရသော
ထိုကောင်လေးရဲ့ မျက်နှာ။လက်ဖဝါးတစ်ဝါးစာ
အကွာအဝေးသာ ရှိသော ထိုကောင်လေးမျက်နှာသည် မိမိဆီကို အုပ်မိုးကာ ကြည့်နေခဲ့သည်။
မျက်လုံးဝိုင်းဝိုင်းလေးတွေက ကြည်လင်နေကာ
အရောင်လဲ့လဲ့လေးတွေပင် မြင်နေရသည်။
Jimin လည်း မော့ကြည့်နေမိသလို၊jungkookလည်း ငုံ့ကြည့်နေဆဲပင်။နှစ်ယောက်လုံး ကြည့်နေမိကြသည်မှာ ဆွဲငင်မှု တစ်ခုလို ဖြစ်နေသည်။

မျက်ဝန်းတွေရဲ့ ဘာသာစကားကိုသာ                သူ့ရဲ့ အင်ဂျင်နီယာလေး နားလည်ခဲ့မယ်ဆိုရင် ~~

နီးကပ်နေတဲ့ အခြေအနေတစ်ခုမှာ
ကြားနေရတဲ့ ရင်ခုန်သံက ကျွန်တော့်ဆီကလား?
အကို့ဆီကလား?
ဒါမှမဟုတ် ကျွန်တော်တို့ နှစ်ယောက်လုံး
ရင်ခုန်သံချင်း စည်းချက်ကျနေသည်လား?

..........................................................................

TBC

Love you all my readers 💜🤟😚

Feedback လေးတွေ ပြောခဲ့ကြဦး<33







Zawgyi



"မင်လေး ! လက်ခံမှာလား ?"

ပွဲတစ်ခုတွင် ဖျော်ဖြေပေးဖို့ရာအတွက်
သက်ဆိုင်ရာ လူကြီးများနဲ့ jiminတို့ ဆွေးနွေးနေကြခြင်းပင်။ပွဲဆို brand တစ်ခု၏ show ပွဲဖြစ်ပြီး လူအများရဲ့ အာရုံစိုက်မှုကို ပိုရဖို့
Jiminကိုပါ ပွဲတက်ဖို့နဲ့ ဖျော်ဖြေပေးဖို့ ကမ်းလှမ်းလာခဲ့ခြင်းပင်။hyung မိတ်ဆွေ ရဲ့ ပွဲတစ်ခုလည်း
ဖြစ်တာကြောင့် jimin လက်ခံဖို့သာ ဆုံးဖြတ်လိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now