ဒီနေ့ကတော့ ကျောင်းပိတ်ရက်ဖြစ်သည့်အတွက်
Jungkook နောက်ကျမှ ထဖြစ်သည်။မေမေကလည်း သူ့ကျောင်းနားရက် ဖြစ်သည်ကို သိသောကြောင့် အိမ်အကူများကို လာမနှိုးခိုင်းခဲ့ပေ။
ရေချိုးသန့်စင်ပြီးနောက် ခါးတွင် တပတ်တစ်ထည်ပတ်ထားရင်း ဗီရိုရှေ့ရပ်ကာ အဝတ်အစား
ရွေးလိုက်သည်။
တီ တီ တီ
ဖုန်း ringtoneသံသည် နားထဲဝင်လာသည်နှင့်
သွားကာ ကြည့်လိုက်မိတော့ contact nameလေးနေရာက "အကို"ဆိုသည့် နာမ်စားလေး။
အကိုဆီက ဟု သိရလျှင် သိရချင်း
Jungkook ရင်ထဲ ပျော်ရွှင်မှု လှိုင်းသေးသေးလေး ဖြတ်ပြေးသွားသည်။ဒါတွေကို
အကိုကတော့ သိမည်မထင်ပါ။
"Hello "
ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ အကို့ အသံလေးက နားထဲ ချိုမြိန်စွာ စီးဝင်လာသည်။
"Jungkook !"
"အင်း "
"ဒီနေ့အားတယ်မလား?"
"ကျွန်တော်..."
"ခနနေ မင်းကို လာခေါ်မယ် ။
ဒါပဲနော် "
Jungkook မဖြေရသေးခင်မှာပဲ
အကိုက ဖြတ်ပြောလာကာ ဖုန်းချသွားသည်။
ဖုန်း screen ကို ကြည့်ကာသာ Jungkook
တွေဝေနေမိသည်။အကိုသည် ပိုင်စိုးပိုင်နင်းနဲ့
သူ့ဘဝထဲ ရောက်လာခဲ့ပြီး အတွေးတွေထဲ
အချိန်ပြည့် နေရာယူထားသည်။အိပ်ပျော်နေတဲ့
သူ့နှလုံးသားထဲထိတော့ အကို နေရာ မယူလောက်ဘူးမလား?
အဝတ်အစားလဲ ပြီးသည်နှင့် အောက်ထပ်ကို
ဆင်းလာကာ ထမင်းစားခန်းထဲ တန်းဝင်သွားလိုက်သည်။အိမ်အကူများက
Jungkook ကို မြင်သည်နှင့် လုပ်လက်စများကို
ရပ်ကာ ဦးညွှတ်နှုတ်ဆက်ကြသည်။
"သခင်လေး!မနက်စာ စားတော့မလားရှင့်"
Jungkook ခေါင်းငြိမ့်ပြလိုက်ပြီး
ထိုင်ခုံတစ်ခုမှာပဲ ဝင်ထိုင်ကာ စောင့်နေလိုက်သည်။
"မေမေရော "
"မမကြီးက ကုမ္ပဏီကို သွားပါပြီ ။
သခင်လေး နိုးလာရင် မနက်စာ သေချာစားဖို့ကိုလည်း မှာသွားပါတယ် "
"အင်း "
ထို့နောက် ပြင်ပေးထားသော မနက်စာကိုသာ
ကုန်အောင် စားလိုက်သည်။
💘 Part-6 💘
Start from the beginning
