အကို့ဆီက စကားသံကြောင့်ပင်
Jungkook ရဲ့ တံခါးဖွင့်တော့မည့်
လက်များ တန့်သွားမိသည်။
ထိုင်ခုံမှာ ထိုင်နေရင်း အကို့ဘက်ကို
မျက်နှာမူကာ ကြည့်လိုက်တော့
အကိုကလည်း သူ့မျက်နှာကို ကြည့်နေခဲ့သည်။
"မင်း တစ်ခုခုဖြစ်နေတယ်မလား?"
"မဖြစ်ပါဘူး "
"အင်းပါ..ဘာပဲဖြစ်ဖြစ်
အကိုနဲ့ ပတ်သက်တဲ့ အရာဆိုရင်
ပွင့်ပွင့်လင်းလင်း ပြောပါ။မင်းနဲ့ ပတ်သက်ရင်လည်း မင်းဘက်က အကို့အပေါ် ပွင့်လင်းမှုရှိစေချင်တယ် "
"ကျွန်တော် မှတ်ထားပါ့မယ် "
"အင်း...နောက်ရက်မှ ထပ်တွေ့ကြမယ် "
"ဟုတ်ကဲ့ "
သူနဲ့ အကိုက ပုဂ္ဂိုလ်ရေးရာ ကိစ္စတွေအထိ
မေးဖို့ မသင့်တော်သေးသော အခြေအနေဖြစ်
နေသည်မို့လည်း ပါပါလိမ့်မည်။
ဤသို့ဖြင့် အင်ဂျင်နီယာလောင်းလေးသည်
ရင်ဘတ်ထဲ ရှိနေသော အစိုင်အခဲ သေးသေးလေးကို မျိုသိပ်ထားခဲ့သည်။
............................................................................
အကိုနဲ့ သူနဲ့ မတွေ့ရသည်မှာ တစ်ပတ်ပင် ပြည့်လုတော့မည်။အကိုလည်း သူ့ဆီရောက်မလာခဲ့သလို၊jungkookလည်း အကို့ဆီကို မသွားဖြစ်ပါ။
ဖုန်းဆက်ဖို့ အခွင့်အရေးရှိသော်လည်း
မသိစိတ်၏ မာနကလေးကြောင့် အင်ဂျင်နီယာလောင်းလေးသည် သူသဘောကျရသော
ကကြိုးလေးဆီကို မဆက်သွယ်ခဲ့ပေ။
အကိုနဲ့ သူ ရင်းနှီးတဲ့ အချိန်ဟာ သိပ်မကြာသေးသော်ငြား အကိုသည် အချိန်တိုင်း သူ့စိတ်ကို
ဖမ်းစားထားခဲ့သည်။အကိုနဲ့ မတွေ့ရတဲ့ နေ့ရက်တွေမှာ သွားမတွေ့ဖြစ်သော်ငြား မသိစိတ်ကနေ
အကိုများ ရောက်လာမလားလို့ မျှော်နေတတ်သည်။သူ့ဘက်က ဆက်သွယ်လို့ ရသော်လည်း အကို့ဘက်ကတောင် မဆက်သွယ်သေးတာပဲ ဆိုသည့် အဂျစ် စိတ်ကလေးကြောင့်
ဖုန်းနံပါတ်လေး ကြည့်ပြီး ကုန်ဆုံးခဲ့ရတဲ့ နေ့ရက်တွေက ယနေ့ဆိုရင် တစ်ပတ်ပင် ပြည့်ပြီ။အကိုသည် အချိန် ခဏလေးအတွင်း သူ့စိတ်ကို
ထိုမျှထိ စိုးမိုးသွားနိုင်ခဲ့သည်။
💘 Part-6 💘
Start from the beginning
