"အင်း "
"ခနစောင့်လေ!အကို လိုက်ပို့ပေးမယ်။
မင်း ကားမပါလာဘူးမလား ?"
"ရတယ်...taxi ငှား ပြန်မယ် "
"ဘာလို့လဲ?အကို့ကို စိတ်ဆိုးသွားတာလား ?"
"စိတ်ဆိုးစရာမှ မရှိတာ "
"အ့ဆို ခနစောင့်။ဒါတွေ သိမ်းပြီးရင်
လိုက်ပို့ပေးမယ် "
"......."
"ပြန်မသွားနဲ့နော်...မဟုတ်ရင်
အကို စိတ်ဆိုးမှာ "
အကိုသည် ထိုသို့ ပြောပြီး ဟင်းပွဲပန်းကန်များနဲ့
စားပြီးသား ပန်းကန်များကို သိမ်းကာ
ယူသွားတော့သည်။
အကို ထွက်သွားသည့်တိုင် Jungkook ကိုယ့်စိတ်ကို ဆန်းစစ်နေမိတုန်းပင်။အစက စားပြီးသည့် အချိန်ပြီးနောက် အကိုနဲ့ ခနလောက် ထပ်နေဦးမည်ဟု စဉ်းစားထားခဲ့သော်လည်း
အကိုနဲ့ ဟိုလူရဲ့ စကားပြောသံများ ကြားရပြီးနောက် စိတ်သည် ပြောင်းလဲသွားခဲ့သည်။
အိမ်ပြန်ချင်တာပဲ သိတော့သည်။
"Jungkook!"
တံခါးပေါက်ကနေ အကို လှမ်းခေါ်မှ
အတွေးလွန်နေသည့် Jungkook မှာ
အသိကပ်တော့သည်။
"ပြန်မှာဆို....လာလေ "
အကိုက ထပ်ပြောလာမှ ဆိုဖာခုံပေါ်က
ကျောပိုးအိတ်ကိုယူကာ ထွက်ခဲ့တော့သည်။
"Location လေး ပြောဦး "
အိမ်ရဲ့ တည်နေရာကို jiminအား
ပြောပြီးသည်နှင့် Jungkook ထပ်မံ စကားများ မဆိုတော့ပါ။
အပြန်လမ်းတစ်လျှောက် အကိုက
ကားကို အာရုံစိုက်ကာ မောင်းနေပြီး
Jungkook ကတော့ ရှေ့ကိုသာ ရှု့တည်တည်နဲ့
ထိုင်ရင်း ကြည့်နေခဲ့သည်။စိတ်ထဲ မဆီမဆိုင်သော်ငြား အကိုနဲ့ ပတ်သက်ပြီး အစိုင်အခဲလေးလည်း ရှိနေတာမို့ Jungkook ဘက်က စပြီး
စကားမပြောဖြစ်ပါ။ခေါင်းထဲတွင်တော့
အကို့အတွက် မေးခွန်းများ တန်းစီနေခဲ့သည်။
Jungkook အိမ်ရှေ့ရောက်သည်နှင့်
ဘေးချထားသော လွယ်အိတ်ကို ပခုံးတစ်ဖက်တွင် လွယ်ပြီး ခါးပတ်ကို ဖြုတ်လိုက်ပြီးနောက်
"ကျေးဇူးပါ ။ကျွန်တော့်ကို ခွင့်ပြုပါဦး "
"နေဦး... Jungkook "
💘 Part-6 💘
Start from the beginning
