"ကျွန်တော် ကြိုက်ပါတယ် "
"အင်း...အ့ဆို စားနော် "
မျက်နှာချင်းဆိုင်ထိုင်ကြပြီး ညစာ စားခြင်းကို
စတင်လိုက်ကြသည်။အကိုသည် ဟင်းအချို့ကို
Jungkook ပန်းကန်ထဲသို့ ပုံပေးလာခဲ့သည်။
Jungkook ကြည့်မိတော့ အကိုက "စားလေ "
ဟူသော အဓိပ္ပာယ်နဲ့ ထမင်းပန်းကန်ကို
မျက်ခုံးပင့်ပြသည်။
မိမိပန်းကန်ဆီကိုသာ ပြန် အကြည့်ပို့လိုက်ပြီး
ဆက်စားနေလိုက်သည်။အကိုသည် အရာရာတွင်
တော်နေသည်ထင်ပါသည်။ဟင်းပွဲတိုင်းသည်
Jungkook အတွက် အရသာတွေ့စေသည်။
တီ တီ တီ
နံရံနားက ခုံပေါ်မှာ တင်ထားသော
အကို့ဖုန်းဆီက ringtone သံကြောင့်
အကိုသည် ဇွန်းနဲ့ တူကို ချပြီး ဖုန်းသွားကိုင်သည်။
Jungkook လည်း ထမင်း တစ်လုပ်ကို
ပါးစပ်ထဲ သွင်းဖို့ အလုပ် အကို့ရဲ့
"Hyung "ဆိုသည့် အသံကြောင့် ဟိုလူဖြစ်မည်မှန်း သိလိုက်သည်။
ဆက်မစားပဲ အကို့ရဲ့ ကျောပြင်ငယ်ကိုသာ
ငေးကြည့်နေမိသည်။
"Hyung ပြောလေ "
"......"
"အာ...ဒီနေ့လား?
ကျွန်တော် မအားဘူး hyung "
"........"
"မဟုတ်ပါဘူး။ဒီတိုင်း နည်းနည်း ပင်ပန်းနေလို့
နားချင်လို့ "
"........"
"ဟုတ် !ကျွန်တော် စောစော အိပ်မှာပါ "
"........"
"ဟုတ်... hyung ရော ဂရုစိုက်ပါ "
"......"
"ကောင်းသော ညပါ ... hyung "
အကိုနဲ့ ဖုန်းပြောပြီးသည်နှင့် ဖုန်းကို
စားပွဲပေါ်တင်ကာ ဆိုဖာခုံ ရှိရာဆီ ပြန်လာလိုက်သည်။jungkookရှေ့တွင်
Hyungနဲ့ ဖုန်းပြောရခြင်းသည် jimin စိတ်ထဲ
ဘာလို့များ မလုံမလဲ စိတ်ကို ခံစားနေရသည်မသိ။jungkookကတော့ သူ့ဆီမှာ အာရုံရှိမနေပဲ
အစားသာ ငုံ့စားနေခဲ့သည်။
Jimin မျက်နှာချင်းဆိုင်က ဆိုဖာခုံပေါ်တွင်
ဝင်ထိုင်သည်နှင့် Jungkook သည်
ဇွန်းနဲ့ တူကို ဘေးသို့ချပြီး မတ်တပ်ထရပ်သည်။
"ဘယ်လဲ ?"
"ကျွန်တော် စားပြီးပြီ "
"ပြန်တော့မလို့လား ?"
💘 Part-6 💘
Start from the beginning
