တီးလုံးသံသည် အဆုံးသတ်သွားခဲ့သည်။
အကို့ရဲ့ လှပစွာ ကကြိုးများ ဖန်တီးနေခဲ့သော
ခန္ဓာကိုယ်ငယ်သည်လည်း ရပ်တန့်သွားခဲ့သည်။
အကို့ဘက်က ရပ်တန့်သွားခဲ့သည့်တိုင်
စိုက်ကြည့်နေဆဲဖြစ်သော Jungkook အနားကို
အကိုသည် ဖြေးဖြေးလေး လျှောက်လာခဲ့သည်။

Jungkook နဲ့ မျက်နှာချင်းဆိုင်တွင် ရပ်ပြီး
မျက်လုံးချင်းဆုံကာ အကိုက မေးလာခဲ့သည်။

"သဘောကျရဲ့လား?"

ချွေးစလေးမဆိုသလောက် ရစ်သီနေသော
မျက်နှာလေးနဲ့ အနည်းငယ် မောဟိုက်နေသော
အသံချိုချိုလေးနဲ့ အကိုက သူ့မျက်လုံးများကို
ကြည့်ပြီး မေးခဲ့သည်။

"အင်း"

Jungkook ဘက်က ထိုစကားတစ်ခွန်းထဲသာ
ဖြေလိုက်သောအခါ အကိုက မျက်နှာလေး
ညှိုးသွားသည်။

"မင်း တကယ် သဘောမကျဘူးမလား ?"

အကိုက ရူးလောက်အောင် သဘောကျစရာကောင်းတာပါလို့ ပြောလိုက်ချင်ပေမယ့်
Jungkook မပြောဖြစ်ခဲ့ပါ။ထိုအစား

"ကျွန်တော် တကယ် သဘောကျတာပါ "

"တကယ်ပေါ့ "

"အင်း "

"တော်ပါသေးရဲ့...မင်း သဘောမကျမှာ
စိုးရိမ်နေတာ "

"အကိုက တော်ပြီးသားပါ "

"အကို့ကို ချီးကျူးလိုက်တာပေါ့ "

"........."

အကိုသည် ပြုံးစစလေးနဲ့ မေးလာသည့်အခါ
အကို့ရဲ့ မျက်လုံးများကို ဆက်မကြည့်ပဲ
Jungkook ဘက်က အကြည့်အရင် လွှဲသွားသည့်အခါ အကိုက မခို့တရို့လေး ရယ်သည်။

"အ့ဆို ညစာ စားပြီးမှ ပြန်မှာမလား ။
အကို ပြင်လိုက်မယ် "

"အင်း "

ထို့နောက် အကို့ အိပ်ခန်းထဲမှ ထွက်လာကြပြီး
Jungkook က ဆိုဖာခုံပေါ်တွင် ထိုင်စောင့်နေပြီး
အကိုကတော့ kitchen counter ဘက်တွင်
ဟင်းပွဲများ ပြင်ဆင်နေသည်။

ထို့နောက် ဟင်းပွဲများကို Jungkook ရှေ့သို့
လာချပေးသည်။

"မင်းကို လာမခေါ်ခင်ကတည်းက
ကြိုချက်ထားတာ။ရောက်ရင် အရန်သင့်စားရအောင်လို့။ခု ခနနွှေးပေးလိုက်တာ ....
အဆင်ပြေရဲ့လား?မင်း ဘာစားတတ်တာ မှန်း
မသိတော့ ကောင်းမယ်ထင်တဲ့ဟာကိုပဲ
ချက်ထားလိုက်တာ "

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now