"ကိစ္စမရှိပါဘူး "

အကိုသည် အပြုံးလေး ဆင်မြန်းရင်း

"လာ!
အကို့နောက် လိုက်ခဲ့ "

လက်ကလေးတစ်ဖက်ကို ပြန်ဆုပ်ကိုင်ပြီး
သူ့အိပ်ခန်းရှိရာဆီ ခေါ်သွားသည်။အိပ်ခန်းတံခါးကို ဖွင့်လိုက်တော့ အဖြူရောင်အခန်းလေးက
ကြိုဆိုနေသည်။အကို အိပ်တဲ့ ကုတင်ရဲ့
အရှေ့ဘက် နံရံပေါ်က ပုံတူ ပန်းချီကားသည် အလွန်လက်ရာမြောက်လှသည်။တစ်နည်းအားဖြင့် ကကြိုးလေးတွေကို ဖန်တီးနေသော အကို့ရဲ့ ပုံကို ပုံတူ ပန်းချီဆွဲထားခြင်းပင်။
ပန်းချီဆရာ၏ လိုအပ်ချက်လို့ မပြောချင်ပေမယ့်
လက်တွေ့ဘဝက အကိုသည် ပန်းချီထဲက အကိုထက် သာလွန်စွာ ပိုလှပါသည်။

အကိုသည် သူ့အိပ်ခန်းနဲ့ တစ်ဆက်တည်းရှိနေသည့် အခန်းပိုတစ်ခုထဲကို ဝင်သွားသည်။
ထိုအခန်းသည် အခန်းလွတ် တစ်ခု ဖြစ်ပြီး
မှန်ပြင် တစ်ခုလည်း ရှိသည်။

"ဒါက အကို အက လေ့ကျင့်တဲ့ အခန်းလေ "

"အင်း "

အကိုသည် လိုက်ကာစများကို
ဘေးသို့ ဆွဲဖယ်လိုက်တော့ မှန်နံရံမှတစ်ဆင့်
မြို့ပြအလှကို မြင်ရသည်။မှောင်ရီပျိုးစ အချိန်
ရောက်လာသည်မို့ ညမီးရောင်များသည်
အနှံ့အပြားတွင် တဖြေးဖြေး ပေါ်ထွက်လာသည်။

မြို့ပြကြီးကို အထက်စီးကနေ ငေးကြည့်နေမိရာမှ မိမိနောက်ပါးဆီက ထွက်ပေါ်လာသော
တီးလုံးသံကြောင့် အနောက်သို့ လှည့်ကြည့်မိသည်။အကိုသည် ငြို့ငင်မှုရှိသော မျက်ဝန်းများနဲ့ သူ့ကို့ ကြည့်နေခဲ့သည်။

ထို့နောက် အကို့ရဲ့ ခြေချောင်းလေးများ
စတင် လှုပ်ရှားရာမှ သေးသွယ်သော ခါးသိမ်သိမ်ကို ကွေးညွှတ်ပြီး ကသည်။တီးလုံးသံ အနိမ့်၊အမြင့်နဲ့အတူ အကို့ရဲ့ ခန္ဓာကိုယ်သည်လည်း
စည်းချက်အတိုင်း လိုက်ပါ ယိမ်းထိုးသွားခြင်းသည် အကြည့်တစ်ချက်ပင် မလွှဲချင်စရာ။
ကနေရင်း  jungkookအနား ရောက်ရောက်လာပြီး သူ့ရဲ့ မူပိုင် မာယာရှင်လို မျက်ဝန်းများနဲ့
ကြည့်သွားတတ်သည်။

လှုပ်ရှားသွားသည့် ကကြိုးတစ်ခုဆီတိုင်းက
Jungkook ရဲ့ အမြင်အာရုံတင်မက စိတ်ခန္ဓာတစ်ခုလုံးပါ သတိလွတ်စေသည်အထိပင်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now