"ကျွန်တော့်ကို ဘာလို့ ခေါ်လာတာလဲ ?"
"ဟင်!အဲ့တာက ခနနေမှ သိရမှာ"
"ဘာလို့လဲ?"
"မမေးရဘူးလေ။ခနနေမှ ပါဆို "
"........"
"ထိုင်ဦးနော်။အကို ရေချိုးလိုက်ဦးမယ် "
Jungkook ခေါင်းငြိမ့်ပြလိုက်သည်။
Jimin အခန်းထဲ ဝင်သွားမှ ဖျော်ရည်ခွက်ကို လက်လှမ်းကာ ယူသောက်လိုက်သည်။
စတော်ဘယ်ရီနဲ့ ချယ်ရီသီး ရောထားသည့် ဖျော်ရည်သည် jungkook လျှာပေါ်မှ တစ်ဆင့် ခံတွင်းထဲ
ချိုမြိန်စွာ စီးဝင်သွားသည်။
ထို့နောက် အကို့ ကို စောင့်ရင်းပင်
လွယ်အိတ်ထဲက ဖုန်းကို ထုတ်ပြီး
ဂိမ်းစ ကစားလိုက်သည်။မပြီးသေးသော
ဂိမ်းသည် အချိန်အားဖြင့် နာရီဝက်ကျော်လာသည်အထိပင်။ပြီးခါနီး အချိန်မို့ Jungkook အာရုံစိုက်ကာ ဆော့နေမိသည်။
ချလောက်
"Jungkook "
နူးညံ့သော ခေါ်သံလေးက နားထဲ
စီးဝင်လာပြီး ဖွေးသန့်ကာ အောက်ခြေဖဝါးလေးများ ရဲနေသော ခြေဖမိုးလေး နှစ်ခုက
Jungkook အမြင်အာရုံရှေ့ရောက်လာသည့်အခါ
အသည်းအသန် ဖုန်းမျက်နှာပြင်ကို နှိပ်နေမိခြင်းကို ရပ်တန့်လိုက်ရသည်။နီရဲနေသော ခြေချောင်းလေးများက တစ်ဆင့် အထက်သို့ တဖြေးဖြေး
ဆန်တက်ရင်း မော့ကြည့်မိသည်။အဖြူရောင် လက်ရှည်အပါးလေးနဲ့ အဖြူရောင် ဘောင်းဘီရှည်လေးကို ဝတ်ဆင်ထားပြီး ရှင်းသန့်ကြည်လင်နေသော မျက်နှာလေးနဲ့အတူ သဘာဝပန်းဆီရောင်လေးနဲ့ ရုပ်လုံးကြွကာ လှပနေသော အကို့ရဲ့
နှုတ်ခမ်းဖူးလေးများကို စိတ် လွတ်စွာ ငေးကြည့်နေခဲ့မိသည်။အကိုသည်လည်း Jungkook မျက်လုံးများထဲ ပြန်စိုက်ကြည့်နေခဲ့သည်။
"Defeat!"
ဖုန်းဆီမှ ထို အသံကို ထပ်ကြားရပြီး
သူ ဂိမ်းရှုံးသွားခဲ့ပြန်သည်။အကို့ကို ငေးကြည့်နေမိလို့ ရှုံးခဲ့ရတဲ့ ကစားပွဲတွေက jungkookလို
Gamer လေးတစ်ဦးကို သေချာပေါက် လှောင်နေပါလိမ့်မည်။
"အယ်...ဂိမ်း ရှုံးသွားပြီ "
Jungkook ဖုန်းကို ကြည့်ရင်း ပြောလာသည်မို့
ဖုန်းကို ပိတ်ကာ လွယ်အိတ်ထဲ သိမ်းလိုက်ပြီးနောက်
💘 Part-6 💘
Zacznij od początku
