"မင်းရဲ့ သားလေးကို ငါ မြို့အနှံ့ ခေါ်သွားပေးမယ်"တဲ့လေ။

..........................................................................

"ရောက်ပြီ "

Jimin ခေါ်လာသည့် နေရာကို
Jungkook ကြည့်လိုက်မိတော့ ဇိမ်ခံ အဆောက်အဦးတစ်ခုရှေ့တွင် ဖြစ်သည်။

Jiminက ကားပေါ်က ဆင်းသွားသည်မို့
Jungkook လည်း ကားတံခါးဖွင့်ကာ လိုက်ဆင်းလိုက်သည်။

"လာ!"

အပြုံးလေးတစ်ခုနဲ့ သူ့ရဲ့လက်ကို ဆွဲခေါ်ကာ
ရှေ့က ဦးဆောင် သွားသော အကို့ကိုသာ
Jungkook ကြည့်နေမိသည်။အကို ဆုပ်ကိုင်ထားသော သူ့လက်ကို မရုန်းမိပဲ ထို လက်လေးနှစ်ခု
ချိတ်ဆက်ထားသော နေရာကိုသာ ငေးကြည့်နေမိသည်။

ဓာတ်လှေကားထဲ ရောက်သည်အထိ
အကို့ဘက်က လက်ကို ဆုပ်ကိုင်ထားဆဲမို့
Jungkook ထိုနေရာလေးကို ကြည့်နေမိသည်ကို
သတိထားမိသွားတဲ့ အကိုက သူဆုပ်ကိုင်ထားသော Jungkook လက်ကလေးကို လွှတ်ပေးတော့သည်။

"ဟို..အကို သတိလွတ်သွားလို့ "

"ရပါတယ် "

လေးလွှာကို ရောက်သည်နှင့် ဓာတ်လှေကားသည် ရပ်တန့်သွားပြီး အကိုက အရင်
ထွက်သွားတော့သည် ။jungkookလည်း
အကို့နောက်ကိုသာ လိုက်ရသည်။

"ထိုင်ဦးနော်!မင်းအတွက် သောက်စရာတစ်ခု
ယူလာပေးမယ် "

ဆိုဖာခုံပေါ်တွင် ဝင်ထိုင်ပြီး ကျောပိုးအိတ်ကို
ဘေးတွင် ချထားလိုက်သည်။အခန်းတွင်း
မျက်စိကစားပြီး စိတ်ဝင်တစားကြည့်မိတာက  အကို့ အခန်းဖြစ်နေလို့ပင်။တံခါးပေါက်က ဝင်ဝင်ချင်းမှာပဲ
ဖိနပ်စင်လေး ထားရှိပြီး ဘယ်ဘက်တွင်တော့
Kitchen counter ရှိသည်။အလယ်နေရာတွင်
ဆိုဖာနဲ့ မှန် စားပွဲခုံ အပုလေးတို့ ရှိပြီး  fltat TVကြီးတစ်ခုလည်း ရှိသည်။နံရံတွင်တော့
ပန်းချီကား များ ချိတ်ဆွဲထားသည်။ညာဘက်ကတော့ ရှုခင်းသာ ဝရံတာတစ်ခုဖြစ်သည်။
မြင်နေရသော ကျွန်းတံခါး နက်ဆွေးဆွေးနဲ့အခန်းကတော့ အကို အိပ်သည့် အခန်းဖြစ်ပါလိမ့်မည်။

"ရော့!အိမ်မှာက ဒါပဲ ရှိလို့ "

"ရပါတယ်"

စားပွဲပေါ် ချပေးလာသော
နီနီရဲရဲ ဖျော်ရည်တစ်ခွက်က အကို ကိုယ်တိုင်
ဖျော်ပေးခဲ့သော အရာလေးပင်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now