မနေ့ညက ဆိုလ်းကို ပြန်ရောက်ရှိသည်နှင့်
အရင်ဆုံး သတိရမိတာက သူ့ရဲ့ အင်ဂျင်နီယာလောင်းလေးကိုပင်။မတွေ့ရတဲ့ ရက်တွေမှာလည်း ထိုကောင်လေးကိုအကြောင်းပဲ
တွေးနေမိသည်။အနေဝေးမှ ပိုသတိရနေတော့သည်။jimin ထိုကောင်လေးနဲ့
မတွေ့ရသည့် ရက်များမှ သူ့ကိုယ်သူ
သိလိုက်ရသည်။သူ ထိုကောင်လေးအပေါ်
ချစ်မိနေပြီကိုပင်။စတွေ့တုန်းက စိတ်လှုပ်ရှား၊ရင်ခုန်ခြင်းသာ ရှိခဲ့ပေမယ့် ရင်းနှီးခွင့်ရပြီးနောက်ပိုင်း အတူသွားလာခဲ့တဲ့ အချိန်ဟာ
နည်းပါးခဲ့ပေမယ့် ထိုခဏလေးအတွင်းမှာပဲ
ထိုကောင်လေးအပေါ် တိမ်းညွတ်ခဲ့ရသည်။
သူ့ရဲ့ ရေခဲတုံး အင်ဂျင်နီယာလေးကတော့
ရိပ်မိမည် မထင်ပါ။
လွမ်းနေရတဲ့ မျက်နှာလေးကို မြင်တွေ့လိုက်ရတာမို့ jimin ပျော်ကာ ထိုကောင်လေးရဲ့
ရင်ခွင်ထဲ ဝင်ရင်း ဖက်လိုက်မိတော့
ခန္ဓာကိုယ်လေး တောင့်သွားသည်က
လန့်သွားသည်ထင်သည်။သို့သော် jimin မလွှတ်ပေးခဲ့ပါ။ဆက်သာ သိုင်းဖက်ထားမိသည်။
ယောင်္ကျားဆန်သော ရေမွှေးနံ့သင်းသင်းလေးကိုလည်း ထိုကောင်လေးဆီမှ ရသည်။
ရေခဲတုံးလေးကတော့ jiminကို
ပြန်ပွေ့ထားခြင်းမရှိပဲ မိန့်မိန့်ကလေးသာ
ရပ်နေခဲ့သည်။
..............................................................................
TBC
Love you all my readers 💜🤟😚
Please give me 'vote' and 'feedback '.
Zawgyi
"ငါတို့ ဒီနေ့ရော ဘယ်သွားကြမလဲ Jungkook ?"
"ဘယ်မှ မသွားချင်ဘူး "
"မင်းကလည်း ... yoongi ရှိတဲ့ဆိုင် သွားစားရအောင်။ငါ ရှင်းပါ့မယ် "
"ငါ မစားချင်ဘူး "
"Jungkook ရာ ..."
Taehyung သည် အလိုမကျစွာ နှုတ်ခမ်းလေး မသိမသာ စူမိတော့သည်။ဒီက yoongi နဲ့
မတွေ့ရတာ သုံးရက်လောက်ရှိနေပြီမို့
လွမ်းနေပြီ ဖြစ်သည်။
"Jungkook "
ဌာနရှေ့က ကားထိုးထားသည့် နေရာမှာပဲ
Jungkook နဲ့ taehyung ရှိရာသို့ jimin
လျှောက်လာတော့ နှစ်ယောက်စလုံး လှမ်းကာ
ကြည့်မိကြတော့သည်။
KAMU SEDANG MEMBACA
သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်
Fiksi Penggemarကကြိုးတွေ ပျောက်ကွယ်သွားတဲ့အခါ........
💘 Part-6 💘
Mulai dari awal
