"ကျွန်တော် ခနနေ အပြင်သွားစရာရှိတယ်။
အိမ်ကို သေချာ ဂရုစိုက်ကြပါ "
"ဟုတ်ကဲ့...သခင်လေး "
မှာစရာရှိတာ မှာပြီးသည့်နောက် အပေါ်ထပ်က
အခန်းဆီ ပြန်တက်ခဲ့တော့သည်။ခနက ရေချိုးပြီး
အိမ်နေရင်း အဝတ်အစားသာ ဝတ်ထားခဲ့သည်မို့
အခု ပြန်လဲရတော့သည်။
ဆင်စွယ်ရောင် တီရှပ် လက်ကျ sizeပွကို
အောက်က ဂျင်းဘောင်းဘီ အကျပ် အနက်ရောင်နဲ့ တွဲကာ ဝတ်လိုက်ပြီး ရေမွှေးဆွတ်လိုက်သည်။ရေမွှေးနံ့ခပ်သင်းသင်းက Jungkook အခန်းထဲ သင်းပျံ့သွားသည်။
တီ တီ
နိုတီသံကြောင့် ကြည့်မိရာ အကို့ဆီက
သူ ရောက်နေပြီဖြစ်ကြောင်း ပို့သည့်စာပင်။
ဆံပင်တို့ကို လက်ချောင်းများနဲ့ ထိုးဖွပြီးနောက်
ဖုန်းနဲ့ ဘဏ် cardယူကာ ဆင်းခဲ့တော့သည်။
ခြံတံခါးဖွင့်ပြီး အပြင်ထွက်ကာ
ရှာကြည့်လိုက်တော့ အကို့ရဲ့ ကားလေးကို
တွေ့လိုက်ရသည်။
Jungkook ထွက်လာသည်ကို မြင်သည်နှင့်
အကိုသည် ကားပေါ်မှ ဆင်းလာပြီး
သူ့ကို လက်လှမ်းပြသည်။
Jungkook အကိုရှိရာကို ခြေလှမ်းများ လှမ်းရင်း
လျှောက်သွားလိုက်သည်။အကိုသည်လည်း သူရှိရာကို ပြုံးပြုံးလေးနဲ့ ဖွဖွလေး ပြေးလာသည်။
"သတိရနေတာ "
"ဟင်!"
ကားနား မရောက်ခင်မှာပဲ
အကိုက သူ့ဆီ အရင်ရောက်လာပြီး
Jungkook ခါးမှ လက်လျှိုသွင်းပြီး
ကျောပြင်ကို သိုင်းဖက်သည်။ရုတ်တရက် အခြေအနေကြောင့် Jungkook ကြောင်အစွာ
ရပ်နေမိသည်။
မျက်လုံးလည်း အနည်းငယ် ဝိုင်းသွားသလို
ခန္ဓာကိုယ်လည်း တောင့်တင်းလျက် အနေအထားပင်။တစ်ဆက်တည်း အကို့ဆီက "သတိရနေတာ"
ဆိုသည့် စကားသံကြောင့် ရင်ခုန်ခြင်း လှိုင်းလေး
ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။
Jungkook နဲ့ တွေ့ပြီးသည့် နောက်ရက်မှာပဲ
ပွဲတစ်ခုအတွက် စီစဉ်နေရရင်း မတွေ့ဖြစ်ခဲ့ပေ။နောက်ရက်မှာလဲ ဒယ်ယန်း hyungရဲ့မိတ်ဆွေ
မွေးနေ့ပွဲမှာ jiminကို ဖိတ်ကြားခဲ့တာမို့
ထိုနေရာသို့ ဆက်ကာ သွားခဲ့ရသည်။နယ်မြို့လေးမှာ ဖြစ်သည့်အတွက် ရက်က ကြာသွားတော့သည်။
💘 Part-6 💘
Bắt đầu từ đầu
