.........................................................................
ဘာလိုလိုနဲ့ ကျောင်းသားများ အားလုံး
စောင့်စားနေခဲ့ရသည့် welcomeနေ့သို့ ရောက်ရှိလာတော့သည်။ပထမနှစ်တွေကို အထူးကြိုဆိုတဲ့ပွဲ ဖြစ်သော်ငြား အခြားနှစ်ကြီး အတန်းများပါ
ပါဝင်ဆင်နွှဲရသောကြောင့် welcomeသည်
သူတို့ TUတစ်ခုလုံးရဲ့ ပွဲတစ်ခုလို ဖြစ်နေတော့သည်။
ဒီနေ့အတွက် စာသင်ချိန်များလည်း မရှိသည်မို့
ကျောင်းဝင်းအတွင်း ကျောင်းသူ၊ကျောင်းသားများက လှည့်လည် သွားလာနေကြသည်။
Jungkookနဲ့ taehyung သည်လည်း
Welcome ကျင်းပသည့် ဟောခန်းဆီသို့
သွားနေခြင်းဖြစ်သည်။ပထမနှစ်တုန်းကတော့
အောင့်အီးသည်းခံကာ နေခဲ့ပေမယ့်
ခု ဒုတိယနှစ်တွင်တော့ မသွားဖို့ Jungkook ဆုံးဖြတ်ထားခဲ့သည်။သို့သော် taehyung ၏ မဲဆွယ်ကာ အတင်းဆွဲခေါ်မှုကြောင့် မလိုက်ချင်သော်လည်း ထိုပွဲနေရာသို့ jungkookပါသွားရတော့သည်။
"Jungkookတို့ပါလား ?"
"ဟုတ်!ဆရာ "
ဆရာ Namjoon သည် Jungkook နဲ့ taehyung ကို တွေ့သည်နှင့် နွေးထွေးစွာ နှုတ်ဆက်လာသည်။jungkookတို့လည်း ဆရာ့ကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
"နေရာ ရပြီလား ?"
"မရသေးဘူး....ဆရာ"
Taehyung က ဝင်ဖြေသည်။တကယ်လည်း
သူတို့နှစ်ယောက် နေရာမယူရသေးလို့ပင်။
ဟောခန်းသည် ကျောင်းသားများနဲ့ ပြည့်နှက်နေတော့သည်။အရှေ့ဆုံးက ခုံတန်းများကသာ
ဆရာများနဲ့ အရေးကြီး ပုဂ္ဂိုလ်များအတွက်
နေရာဖြစ်သောကြောင့် ထိုနေရာများကတော့
လွတ်နေသေးသည်။
"လာ!ဆရာ နေရာပေးမယ် "
Jungkook နဲ့ taehyung သည် ဆရာ Namjoon ၏ နောက်သို့ လိုက်သွားသည့်အချိန်
"သား .."
မေမေ့၏ အသံကို ကြားလိုက်ရသည်မို့
Jungkook သာမက taehyung နဲ့ ဆရာ
Namjoon ပါ လှည့်ကြည့်မိကြသည်။
"မေမေ"
မေမေသည် သူရှိရာကို လျှောက်လာသည်။
ဘေးနားတွင် မေမေ့၏ လက်ထောက် မန်နေဂျာလည်း ပါသည်။
💘 Part-4 💘
Start from the beginning
