"ပြန်လာပြီလား?သား "

"ဟုတ်‌....မေမေ"

မေမေသည် ဧည့်ခန်းထဲက ဆိုဖာခုံတွင်
နောက်ကျော မှီထိုင်နေသည်။ပေါင်ပေါ်တွင်လည်း MacBook တစ်လုံး တင်ထားခြင်းကြောင့်
မေမေ အလုပ် လုပ်နေသည်မှန်း သိလိုက်သည်။

"အလုပ်က ပြန်လာပြီကို
နားပါဦး ..မေမေကလည်း "

အပေါ်ထပ် မတက်သေးပဲ မေမေအနား သွားကာ
ဆိုဖာခုံတွင် ကပ်ထိုင်လိုက်သည်။

"ဒါလေး လက်စသပ်ဖို့ လိုနေလို့ "

"အင်း...အ့ဆို မေမေ ကောင်းကောင်းလုပ်ပါ
သား ရေချိုးလိုက်ဦးမယ် "

"ဟုတ်ပြီ။dinnerမှာ တွေ့မယ် သား "

"ဟုတ် "

မေမေ့ပါးကို မွှေးပြီးနောက်
ကျောပိုးအိတ်ကို လက်တစ်ဖက်နဲ့သာ ဆွဲပြီး
အပေါ်ထပ်သို့ တက်ခဲ့တော့သည်။

ကျောင်းလွယ်အိတ်ကို စာကြည့်စားပွဲပေါ် တင်ပြီး ဖုန်းကို ထုတ်ကာ အားချိတ်ထားလိုက်သည်။
ကျောင်းuniform ကို ချွတ်ပြီးနောက်
စွပ်ကျယ် ဂျိုင်းပြတ်အဖြူလေးသာ ရှိသော
Jungkook ခန္ဓာကိုယ်သည် ဖွံ့ဖွံထွားထွားနှင့်
အလွန်ပင် ကြည့်ကောင်းလှသည်။အားကစား
ပုံမှန် လုပ်သူဖြစ်သည်မို့ အဆီအပိုမရှိပဲ
ဝမ်းဗိုက်နေရာတွင် အမြောင်း မြောင်းသော
ကြွက်သားများက ဝတ်ထားသော
ဂျိုးပြတ်အဖြူရဲ့  ကပ်ချပ်နေမှုကြောင့်
အထင်းသားမြင်နေရသည်။

ရေချိုးခန်းထဲ မဝင်သေးပဲ
အိပ်ခန်းနဲ့ တွဲလျက်ရှိနေသော ဝရံတာဘက်ကို
တွန်းတံခါးဖွင့်ပြီး သွားလိုက်သည်။

မမှိတ်မသုန် တိုက်ခတ်နေသော လေလေးက
စိတ်အစဉ်ကို အနည်းငယ် အေးချမ်း‌စေသည်။
ဝရံတာဘောင်ကို လက်ထောက်ထားရင်း
တွေးနေမိသည်က ဟိုလူ့အကြောင်းပင်။
သူ့ဘေးနားက သူနဲ့ ပြုံးရယ်ကာ စကားပြောနေသော ဟိုလူ့မျက်နှာ၊သန့်စင်ခန်းထဲမှာတုန်းက
ပိုင်ဆိုင်မှုကို ပြသလို jungkookကို ကြည့်သွားတဲ့
ထိုလူ့ဘေးကလူရဲ့ အကြည့်တွေ။jungkook အနေနဲ့ သူများရဲ့ အကြောင်းတွေကို ဂရုမစိုက်တတ်ပါ။သို့သော် ထို park jiminဆိုသည့် လူနဲ့ ဆုံပြီးကတည်းက
မကြာခဏ အတွေးတွေထဲ ဝင်ရောက်လာခဲ့သည်။အမြင်အာရုံတွေထဲ ထိုလူ့ရဲ့ မျက်နှာလှလှလေးက ပြန်ပြန် ပေါ်လာသည်။နောက်ဆက်တွဲ
Park jimin နဲ့ ပတ်သက်နေသည့် ဘေးက လူကိုပါ
တစ်ဆက်တည်း မြင်‌ယောင်လာသည်။ထိုသို့ တွေးမိတိုင်း jungkookစိတ်ထဲ အကြောင်းပြချက်အရှိ အလိုမကျသလို ခံစားရသည်။တကယ်ပါ။
ဘဝမှာ သူစိမ်းယောင်္ကျားလေးတစ်ယောက်က
သူ့ရဲ့ အတွေးတွေထဲ စိုးမိုးပြီး ၊စိတ်ကို ကမောက်ကမဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု
ထင်မထားမိခဲ့ပါ။ခင်ဗျားက ဘာလဲဗျာ?

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now