ကားမှန် ချထားသည်မို့ ကားတံခါးဘောင်ပေါ်ကို
လက်တစ်ဖက်တင်ထားရင်း လက်တစ်ဖက်က
ကားစတီယာတိုင်ကို ထိန်းကိုင်ထားသည်။taehyungကတော့ သူ့ဘေးနားကခုံတွင်
အေးဆေးထိုင်ကာ ဖုန်းသုံးနေတော့သည်။

ဘာရယ်မဟုတ်။ကိုယ့်ကားဘေးနား
ရောက်လာသော ကားအဖြူရောင်လေးဆီ
အကြည့်ရောက်မိတော့ Jungkook အံ့ဩသွားမိသည်။သန့်စင်ခန်းထဲမှာ တွေ့ခဲ့တဲ့ လူ။

ကားမောင်းနေသော လူဘက် လှည့်ကာ
စကားများပြောနေသည်ထင်သည်။ထိုသူသည်
သဘောတကျပင် ပြုံးရယ်နေခဲ့သည်။မောင်းသူနေရာက လူကတော့ ထိုနေ့က သန့်စင်ခန်းထဲမှာ
လာခေါ်သွားသည့် သူပင်ဖြစ်သည်။ထိုသူတို့နှစ်ယောက် ဆက်ဆံရေးက သာမန်အနေအထားတော့ ဖြစ်လောက်မည်မထင်ဟု jungkookတွေးမိသည်။jungkook ကြည့်နေဆဲမှာပဲ မောင်းသူနေရာက လူက ထိုသေးသေးကောင်လေး၏
ခေါင်းလေးကို အသာဖွကာ စကားများပြောနေသည်။ထို သေးသေးကောင်လေးက
ခေါင်းများ ငြိမ့်ပြပြီး ရွှင်ပြနေသော မျက်နှာလေးနဲ့ ရှေ့တည့်တည့်ဆီ ကြည့်နေတော့သည်။

ဒယ်ယန်း hyungနဲ့ စကားပြောပြီး
Hyungဆီက အကြည့်လွှဲကာ အရှေ့ကိုသာ
ကြည့်နေမိသည်။

မီးပွိုင့်လည်း မီးစိမ်းပြနေပြီမို့ hyungသည်
ကားစမောင်းတော့သည်။ပြတင်းပေါက်ဆီ
လှည့်မိလိုက်တော့ ဘေးနားက ယှဉ်လျက်
ပါလာသော ကားနက်ဆွေးဆွေးပေါ်က
မောင်းသူကြောင့် jimin မျက်လုံးလေးများ ဝိုင်းသွားသည်။ထပ်တွေ့ပြန်ပြီ။

ကားကို လက်တစ်ဖက်နဲ့ ထိန်းရင်း မောင်းနေခြင်းသည် jimin မျက်လုံးထဲ အရမ်းကြည့်ကောင်းလှသည်။ခပ်အုပ်အုပ် ဆံပင် နက်နက်တို့က
ထိုကောင်လေး မျက်နှာချောချောထက် ဖြာကျနေပြီး လေအဝှေ့တွင် လွင့်ပြယ်သွားတတ်သည့်အခါတိုင်း ထင်းလင်းစွာ ပေါ်လာတဲ့
မျက်နှာချောချောသည် အကြည့် မလွှဲချင်စရာ။

မကြာ ထို ကောင်လေးမောင်းသော  နက်ဆွေးဆွေးကားသည် jiminတို့ကားကို ကျော်ကာ
အရှေ့ကို မောင်းထွက်သွားတော့သည်။

Taehyung ကို လိုက်ပို့ပြီးသည်နှင့်
မိမိအိမ်ဆီကို Jungkook မောင်းလာခဲ့သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now