အဖြူရောင် ကြိုးလေးကနေ အနီရောင် ချစ်ကြိုးလေး ပြောင်းလဲသွားဖို့ကတော့ အချိန်ယူကာ
ကြိုးစားရဦးမည် ထင်ပါသည်။
"Jungkook !"
ကားတံခါး ဖွင့်ကာ taehyung ဘေးထိုင်ခုံတွင်
လာထိုင်မှ jungkook ခေတ္တ မှေးနေမိရာက
မျက်လုံးများ ပွင့်လာတော့သည်။
"အဆင် ပြေခဲ့လား ?"
"အင်း..ပြေတယ်။ငါတို့ အခု ခင်သွားကြပြီ "
"ခုမှ သူငယ်ချင်း အဆင့်ပဲလား ?"
အားမရသလို လေသံနှင့် မေးလာသော
Jungkookသည် သူ့ကို ဘယ်လို ဖြစ်စေချင်နေသည်မသိ။
"အစပိုင်းတော့ သူငယ်ချင်းလို ရင်းနှီးအောင်
လုပ်ပြီးမှ အဆင့်တက်ရမှာပေါ့။ချက်ချင်းကြီး
တော့ ဖြစ်ပါ့မလား ?"
"မင်းဟာက ...ဒိတ်အောက် လိုက်တာ "
"ဘာ!"
"ဒိတ်အောက်တယ်လို့။အခု ခင်မင်ခွင့်ရဖို့တောင်
ဒီလောက် အချိန်ယူနေခဲ့တာ၊ချစ်ကြောင်း၊ကြိုက်ကြောင်း ဖွင့်ပြောဖို့ဆို ကမ္ဘာတစ်ခုလောက်ထိ
စောင့်ရမယ်ထင်တယ်"
"အဲ့လောက်လည်း မဟုတ်ပါဘူးကွာ။
အမြဲ စကားကို လွန်လွန်ကြူးကြူး ပြောတာ "
"မင်းကို အားမရလို့ "
"ပြောပါဦး။ငါ့နေရာမှာ မင်းဆို ဘယ်လို လုပ်မှာလဲ ?"
"အဲ့လို ဖြစ်လာစရာ အကြောင်းမှ မရှိပဲ "
"မရှိဘူးလို့ မပြောနိုင်ဘူးလေ။
မင်း နှလုံးသားက တစ်သက်လုံး ကျောက်ချပြီးတော့မနေဘူး။အခုချိန်သာ ရင်မခုန်နေတာ။
တစ်နေ့နေ့၊တစ်ချိန်ချိန် မင်းနှလုံးသားကို
လှုပ်ခတ်နိုင်တဲ့သူ ပေါ်လာဦးမှာပဲ "
"အကယ်၍ ပေါ်လာခဲ့လည်း
မင်းလိုတော့ နှေးစိ၊နှေးစိ လုပ်မနေဘူး။
ငါက တန်းဖွင့်ပြောမှာ "
"အေးပေါ့။ဒါကတော့ အပြောပဲ ရှိသေးတာကို
စောင့်ကြည့်ရမှာပေါ့ "
Jungkookသည် taehyungကို
စကားပြန်မပြောတော့ပဲ ထိုနေရာကနေသာ
မောင်းထွက်ခဲ့တော့သည်။
မီးပွိုင့်တစ်ခုအရောက်တွင် မီးနီ ပြနေသည်မို့
Jungkookကားက်ု အရှိန်လျော့ကာ
ရပ်စောင့်နေလိုက်သည်။
💘 Part-4 💘
Start from the beginning
