ဘာဖြစ်လဲ။
ကိုယ့် crushက အိမ်ထဲ ခေါ်တုန်း လိုက်ရတာ။
အခွင့်အရေးရတုန်း ယူထားရမည်။လမ်းလျှောက်ပြန်ရလည်း ပြန်တာပေါ့။ကျန်းမာရေးအတွက်ပါ
အထောက်အကူ ပြုစေသည်။

"ဧည့်သည် အချိန်မရလို့လား ?"

"မဟုတ်ပါဘူး။ကျွန်တော် အရမ်း အားယားနေတဲ့
သူပါ "

Taehyung စကားကြောင့် yoongi ပြုံးမိသေးသည်။taehyungက မျက်နှာလေးလည်း ရွှင်သလို ၊စကားလည်း ပြောရတာ အဆင်ပြေသည်။
ဆိုင်ကို ရောက်လာမှ စကားပြောဖြစ်ကြပေမယ့်
Taehyung က စိတ်ထားကောင်းသူမှန်း yoongi သိသည်။

"ခနထိုင်ဦးနော်..ကျွန်တော် ကော်ဖီ ဖျော်ခဲ့မယ် "

"ဟုတ်ကဲ့...အေးဆေးလုပ်ပါ "

ဧည့်ခန်းလေးက ထိုင်ခုံလေးတွင် ဝင်ထိုင်ကာ
အိမ်တွင်း အခြေအနေကို taehyung မျက်စိကစားလိုက်သည်။yoongiရဲ့ အိမ်လေးက
တစ်ထပ် အိမ်ကလေးဖြစ်ကာ တော်တော်လေးတော့ ကျယ်သည်။ပစ္စည်းများကို သူ့နေရာနဲ့ သူ
စနစ်တကျ ထား ထားခြင်းက မျက်စိရှင်းစေသည်။

"ရပြီ "

"ကျေးဇူးပါ "

Yoongi လာချပေးသော ကော်ဖီခွက်ကို
ကိုင်ကာ တစ်ငုံလောက် အရင် သောက်လိုက်သည်။

"ဒါနဲ့...yoongi တစ်ယောက်ထဲလား ?"

"ဟုတ်တယ်။မိဘတွေက နယ်မှာလေ။
ကျွန်တော်က အလုပ် လုပ်ရင်း နေတာ "

"ဪ "

"ဧည့်သည်   ကရော ကျွန်တော့် နာမည်နဲ့ အိမ်လိပ်စာကို ဘယ်ကနေရခဲ့တာလဲ ?"

ကော်ဖီခွက်ကိုင်ထားသော taehyung လက်တွေ
ခေတ္တ တင်းကျပ်သွားသည်။

"အဲ့တာက... ကျွန်တော် ဒီနေ့မနက်က yoongi တို့ဆိုင်ကို ရောက်တော့ yoongiကို မတွေ့တာနဲ့
အိမ်လိပ်စာပါ တစ်ခါတည်း မေးခဲ့လိုက်တာ။နာမည်ကတော့ အရင်ကတည်းက သိနေခဲ့တာပါ "

Yoongiသည် taehyung စကားကို
နားလည်သမှုနဲ့ ခေါင်းလေးငြိမ့်ပြသည်။

"ကျွန်တော့်နာမည် Kim Taehyung ပါ။
Taehyung လို့ ခေါ်ပေးရင် ရတယ် "

"ဟုတ်ကဲ့ဗျ "

တစ်ဦးနဲ့ တစ်ဦး အမည်နာမတွေ အသီးသီး
မိတ်ဆက်ပြီးသည်နှင့် စကားလေးများ ထွေရာလေးပါး ပြောဖြစ်ကြသည်။ရင်းနှီးမှု အခံလေးက
အစကတည်းက ရှိခဲ့သည်မို့ စကားပြောရတာ
စိမ်းသက်သက်တော့ မဖြစ်ပါ။အခုလိုလေး
ပြောနေရခြင်းသည် သူတို့နှစ်ဦးကြား
ကြိုးလေးတစ်ချောင်း ဖြစ်တည်သွားသလို
ခံစားမိသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now