ကျွီ .......

သံတံခါးဖွင့်သံသည် အသံနည်းနည်းကျယ်ကာ
ပွင့်လာလေတော့ တံခါးရှေ့ မိုးတိုး၊မတ်တပ် ဖြစ်နေသော taehyung မှာ ပြေးပဲ ပုန်းရမလို၊ထိုအတိုင်းပဲ ဆက်နေရမလို ဖြစ်ကုန်တော့သည်။

အိမ်တွင် မီးဖိုချောင်အတွက် ပစ္စည်းတစ်ချို့ လိုအပ်နေသည်မို့  လမ်းထိပ်က စတိုးဆိုင်လေးဆီကို  ထွက်ခဲ့ခြင်းပင်။
ဆိုင်ကတော့ ဒီနေ့အတွက် သူ့ကို နားရက်ပေးထားသည်မို့ မသွားဖြစ်ပါ။ထို့ကြောင့် အိမ်ထဲတွင်
အိပ်လိုက်၊စားလိုက်နဲ့သာ အချိန် ကုန်နေတော့သည်။အခုတော့ လိုအပ်သည့် ပစ္စည်းများ
ဝယ်ရန် ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ကပ်ထဲ
ထည့်ကာ အိမ်ထဲမှ ထွက်ခဲ့တော့သည်။ခြံတံခါး
ဖွင့်လိုက်သည်နှင့်  taehyung ကို တွေ့လိုက်ရသည်မို့ yoongi မှာ အံ့ဩသွားတော့သည်။

"ဟို ...ဧည့်သည်က ဘယ်ကနေ ဘယ်လို "

Yoongiက အံ့အံ့ဩဩလေး မေးလာသည့်အခါ
Taehyung မှာ ကိုးရို့ကားယားဖြစ်နေလောက်မည့် ပုံစံကို ထိန်းရင်း သွားလေး ပေါ်သည်အထိ ရယ်ပြလိုက်သည်။

"အာ...ကျွန်တော်က ..
အင်း..yoongiဆီ လာတာ "

"ကျွန်တော့်ဆီ "

Yoongi သံယောင်လိုက်ကာ ထပ်မေးတော့
ခေါင်းငြိမ့်ပြလာသည်။

"ဘာကိစ္စရှိလို့လဲ မသိဘူး "

"ဟို ကိစ္စတော့ မရှိပါဘူး။ဒီတိုင်း yoongi
ဆိုင်မှာ အလုပ်မဆင်းတာတွေ့လို့ ။အဲ့တာ
နေများ မကောင်းလို့လားလို့ ..လာကြည့်တာ "

"မဟုတ်ပါဘူး။ကျွန်တော် အကုန်အဆင်ပြေပါတယ်။ဒီနေ့က နားရက်ပေးထားလို့"

"ဟုတ်လား?တော်ပါသေးတယ် "

"အိမ်ထဲ ဝင်ဦးလေ။
ကျွန်တော့်ဆီ တကူးတကကြီး လာရတာဆိုတော့ "

"နေပါစေ...ဒီတိုင်း အဆင်ပြေတယ်ဆိုတာ
သိရရင် ရပါပြီ "

"အဲ့လို မလုပ်ပါနဲ့။ကော်ဖီ တစ်ခွက်လောက်တော့
သောက်သွားပါဦး "

"ဟို..."

မလှမ်းမကမ်းက ရပ်ထားသော
Jungkook ကားကို တစ်ချက်လှမ်းကြည့်မိလိုက်သည်။စောင့်ရတာ ကြာလို့ စိတ်မရှည်ပဲ ပြန်သွားရင် သူ လမ်းလျှောက်ပြန်ရမည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now