"ဒါများ လိုက်ပို့ ခိုင်းနေသေး !"

စကားနဲ့အတူ
"အဖြစ် မရှိလိုက်တာ "ဟူသော အကြည့်များနဲ့
Taehyung ကို ကြည့်လာသည်။

"မင်းကလည်း...သူ အပြင်ထွက်တဲ့
အချိန်လေးနဲ့များ ကြုံမလားလို့ပေါ့ "

"ငါက သူအပြင်ထွက်တဲ့ အချိန်အထိ
စောင့်ပေးရမှာလား ?"

"အဲ့လိုတော့ မဟုတ်ပါဘူး "

"အချိန်မရှိဘူး taehyung !
နောက် နာရီဝက်နေလို့ သူ အပြင်လည်း ထွက်မလာဘူး။မင်းလည်း သွားမတွေ့ဖူးဆို ငါပြန်မှာ "

"အေးပါကွာ "

သကြားခဲ၏  ခြံတံခါးလေးကို ကြည့်ကာ
Taehyung မှာ စိတ်ထဲကနေ ကြိတ်ဆုတောင်းနေမိသည်။အလုပ်လည်း မလာတာမို့ နေမကောင်းတွေ ဖြစ်နေလား၊ဘယ်တွေသွားနေလဲဆိုတာ သူသိချင်သည်။

Jungkookသည် ဖုန်းကို ဖွင့်ကာ
ဂိမ်းကစားနေသည်။taehyung ဖုန်းက နာရီကို
ကြည့်လိုက်တော့ ဆယ်မိနစ် ကုန်သွားပြီဖြစ်သည်။

မတတ်နိုင်။ရောက်လာမှတော့ လာရကျိုးနပ်အောင် အားခဲပြီး သွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။မေးတော့လည်း ရွီးရွှမ်းဖြေရမှာပေါ့။

"Jungkook !ငါ သွားပြီ "

"အင်း "

Jungkook သည် ဖုန်းကြည့်နေရင်း
ပြန်ဖြေလာသည်။ကားတံခါးကို ဖွင့်ကာ
Taehyung ဖင်လေးကြွပြီး ဆင်းခါနီးမှ တစ်စုံတစ်ခုကို သတိရကာ ထိုင်ခုံမှာ ပြန်ထိုင်ပြီး
ဖုန်းသုံးနေသော Jungkook အား
ကြည့်ကာ

"Jungkook !ငါ့ကို မစောင့်ပဲ
ပြန်မသွားနဲ့နော် "

"အင်း "

Taehyung သည် jungkookကို
ပြုံးပြပြီး ကားပေါ်မှ ဆင်းသွားတော့သည်။
စားပွဲထိုးကောင်လေးတို့ အိမ်တံခါးနားကို
တဖြေးဖြေး လျှောက်သွားနေသော
Taehyung ကို Jungkook ကားပေါ်က ကြည့်နေလိုက်သည်။အခု taehyung ရဲ့ ပုံစံက
ရည်းစားက လိုချင်နေ၊ရည်းစား စကားပြောဖို့
သတ္တိမရှိနေသလိုကြီး။jungkook ခေါင်းရမ်းမိပြီးနောက် လက်ထဲက ဖုန်းဆီကို အာရုံ ပြန်စိုက်လိုက်သည်။

သကြားခဲလေး အိမ်ရှေ့ ခြံတံခါးရှေ့တွင်
ရပ်ကာ taehyung ချီတုံချတုံဖြစ်နေသည်။
အချင်းချင်း မိတ်မဆက်ရသေးသည့် ဆက်ဆံရေးဖြစ်ပေမယ့် taehyung က စပြီး စိတ်ဝင်စားရသူမို့ သကြားခဲလေး၏  နေအိမ်ကို စုံစမ်းခဲ့ရသည်။
နာမည်ကိုတော့ သူတို့ ဆိုင်က ဝန်ထမ်းကောင်လေးကို မေးဖူးလို့ သိခဲ့ရသည်။ထိုကောင်လေးကတော့ သူ့နာမည်ကို သိသေးမည်မထင်ပါ။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now