"တကယ် ...ရူးကြတာပဲ"
ကြည့်!သူပဲ မေးပြီး ဖြေတော့လည်း စကားအကောင်းမပြော။
တကယ်ပါ။မင်းလို ရေခဲတုံးက
အချစ်ကို မခံစားဖူးတော့ ဘယ်သိမှာလဲလို့
ပြောလိုက်ချင်ပေမယ့် taehyung မပြောဖြစ်ခဲ့ပါ။ပြောလိုက်ရင် သူ့ရဲ့ အချစ်ကို မယုံကြည်တဲ့အကြောင်း၊မကိုးကွယ်တဲ့ အကြောင်းများကို
စာတစ်တန်၊ပေတစ်တန် ရှင်းပြနေဦးမှာမို့
Taehyung ငြိမ်ငြိမ်သာ နေလိုက်သည်။
Jungkookကို စိတ်ဝင်စားသည့် မိန်းကလေးများသည် ရွယ်တူ များထဲသာမက စီနီယာအတန်းက မမများပင် ပါသည်။jungkookက စာတော်သော ကျောင်းသားမို့ ဆရာများ၏
အရေးပေးမှုကိုလည်း ခံရသည်။စီနီယာ အတန်းများဘက်သို့ Jungkook နဲ့ အတူတူ
လိုက်သွားရတိုင်း မမချောချောလေးများက
Jungkookကို မခို့တရို့ ရှိုးကြသည်။taehyungကလည်း လူရည်သန့်ကလေးဖြစ်တာကြောင့်
Jungkookနည်းတူ ရေပန်းစားသည်။ပထမနှစ် ဂျူနီယာလေးများကလည်း သူတို့ ဌာနထိလာကာ
မရဲတရဲလေးနဲ့ ချောကလက်များ၊မုန့်များ၊ဖျော်ရည်ဗူးများ လာလာပေးကြသည်မို့
Taehyung ကသာ အားနာနာနဲ့ jungkookအစား
ယူပေးခဲ့ရသည်။jungkookကတော့ သူ့ကို
လာပတ်သက်သည့် မိန်းကလေးများကို
တစ်စက်ကလေးမျှပင် စိတ်မဝင်စားခဲ့ပါ။
မျက်နှာကိုလည်း အမြဲတမ်း မှင်တည်ကာသာ
ထားသည်။jungkookရဲ့ နှလုံးသားသည်
လူနဲ့ လိုက်အောင်ပင် အေးစက်လွန်းနေသည်
ထင်ပါသည်။
.........................................................................
"ဒီနေရာလား ?"
"အင်း "
Taehyung ပြောပြသည့် နေရာအတိုင်း
Jungkook လိုက်ပို့ပေးလိုက်သည်။စားပွဲထိုးကောင်လေး ရဲ့
အိမ် တည်ရှိရာက ဆိတ်ငြိမ် ရပ်ကွက်လေးဖြစ်တာမို့ jungkookအတွက် အဆင်ပြေသည်။
"ဘယ်လို လုပ်မယ် တွေးထားလဲ ?"
"ဘာကိုလဲ?"
"မင်း ဒီတိုင်း ကားပေါ် ထိုင်နေမှာလား?
သွားမတွေ့ဖူးလားလို့ "
သကြားခဲ နေသော အိမ်နဲ့ မလှမ်းမကမ်းတွင်
ကားကိုရပ်ထားပြီး jungkookနဲ့ taehyung
စဉ်းစားခန်းဖွင့်နေရသည်။
"ငါ သွားတော့ တွေ့ချင်တယ်။ဒါပေမယ့်
သူနဲ့ ငါနဲ့က အဲ့လောက်ကြီးထိ မရင်းနှီးသေးတော့
နည်းနည်းတော့ ကြောက်တယ်"
💘 Part-4 💘
Start from the beginning
