"ဟုတ်ကဲ့။စိတ်ချ ခင်ဗျ "

သားကပဲ သူ့ကို ပြန်ထိန်းရမှာ ဆိုသည့်စကားကိုတော့ Jungkook မပြောဖြစ်ခဲ့ပါ။

"ကဲ!အ့ဆို မေမေတို့ သွားထိုင်ရအောင် "

"ဟုတ် "

Jungkook နဲ့ သူ့ရဲ့ မိခင်က ရှေ့ဆုံးတန်း
အလယ်နေရာက  နှစ်ယောက်ထိုင် ဆိုဖာခုံတွင်
ဝင်ထိုင်သည်။taehyungကတော့ ဒုတိယတန်းက
Jungkook တို့ ခုံရဲ့ နောက်ဘက် ကပ်လျက်က
ခုံတွင် ဝင်ထိုင်သည်။

ထို့နောက်တွင်တော့ ပွဲအခမ်းအနားကိုစတင်ကာ
ကျင်းပတော့သည်။ဦးဆုံးအနေနဲ့   အစီအစဉ် တင်ဆက်သူ မှ ပွဲ ရဲ့ ကဏ္ဍများကို သေချာရှင်းပြသည်။

ပထမဆုံး အခမ်းအနား အစအနေနဲ့
TUရဲ့ ပါချုပ်ကြီးက မိန့်ခွန်းပြောကြားရမည်ဖြစ်သည်။ပါချုပ်ကြီးက ပညာကို ကြိုးစားသင်ယူကြဖို့၊ကျောင်းစည်းကမ်းများကို
တသဝေမတိမ်း လိုက်နာကြဖို့၊အနာဂတ်မှာ ဘယ်လို အခွင့်အလမ်းတွေက စောင့်ကြိုနေကြောင်း၊လူငယ်တိုင်းမှာ ယခု မက်နေတဲ့ အိပ်မက်တွေထက် ပို မြင့်မားတဲ့ အိပ်မက်တွေကိုလည်း မက်ခွင့်ရှိကြောင်း၊ထို ရည်မှန်းချက်၊အိပ်မက်တွေ အလိုက် အောင်မြင်အောင် ကြိုးစားကြဖို့နဲ့ ကျောင်းပြီးသွားတဲ့ အချိန်မှာ
နိုင်ငံတော် အတွက် တစ်ထောင့်၊တစ်နေရာကနေ
အုတ်တစ်ချပ်၊သဲတစ်ပွင့် ကဏ္ဍအလိုက် တိုးတက်အောင် ဆောင်ရွက်ပေးကြဖို့ကို ပြောကြားသွားသည်။ပါချုပ်ကြီး၏ ဩဝါဒ စကားအဆုံးမှာတော့ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

ပါချုပ်ကြီးက မိန့်ခွန်းပြောပြီးသည်နှင့်
ဆရာအချို့မှ ဆက်လက်ကာ ဆုံးမစကားများ
ပြောကြားသည်။ထို့နောက်တွင်တော့ ကျောင်း၏
အဓိက ထောက်တိုင်ဖြစ်သည့် Jungkook ၏
မိခင်အား ဂုဏ်ပြုလက်မှတ် ပေးသည်။jungkook၏ မိခင်သည်လည်း
ကျောင်းအတွက် ဘယ်နေရာမှာပဲ လိုအပ်၊လိုအပ်
သူမ အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

အားလုံးပြီးသည့်နောက်တွင်တော့
ပထမနှစ်ရဲ့ King၊Queen selection ကို
ကျင်းပတော့သည်။မြူးကြွတဲ့ တီးလုံးသံ စသည်နှင့် king၊queen အလောင်းအလျာများက
သူတို့ရဲ့ ချောမောသော ရုပ်ရည်လေးများနဲ့
Show စတင်ကာ လျှောက်ကြတော့သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now