Jungkookရဲ့ မိခင်ဟာ ကျောင်း၏
လိုအပ်တဲ့နေရာတွေအတွက် အဓိက ထောက်ပံ့ပေးသည့် သူဖြစ်တာမို့  မသိသူရှားသည်။
ထို့ကြောင့် Jungkook သည်လည်း
စာတော်သော ကျောင်းသားဖြစ်တာရော၊
အဓိက ထောက်ပံ့ပေးသည့် သူ၏ သားဖြစ်တာရောကြောင့် ဆရာများ၏ ဂရုစိုက်မှုကို ခံရပြီး
ကျောင်းသူ၊ကျောင်းသားများ ကြားတွင်လည်း
Popular အလွန်ဖြစ်သည်။

"မင်္ဂလာပါ ..Mrs .ဂျွန် "

ဆရာ Namjoon က သူမအား
ပြုံးပြ နှုတ်ဆက်လာသည်မို့ ဟေဆောင်းမှာ
အသိအမှတ်ပြု ပြုံးပြလိုက်သည်။

"မင်္ဂလာပါ ဆရာ "

"ဒီနှစ်ပွဲကို တက်တာဆိုတော့
ကျွန်တော် အံ့ဩနေတာ "

"ဟုတ်တယ်။ကျွန်မ အရင်နှစ်တွေတုန်းက
မအားတာကြောင့် မတက်ဖြစ်ခဲ့တာ။နှစ်တိုင်း
မတက်ရလို့ ပါချုပ်ကြီးကိုလည်း ကျွန်မ အားနာတယ်လေ။အ့ကြောင့် ဒီနှစ်တော့ အချိန်လေး နည်းနည်း ညှိပြီး လာခဲ့လိုက်တာ "

"ဟုတ်ကဲ့..ကျေးဇူးပါဗျာ "

"ဆရာ! ဆရာ့ကို ခေါ်ခိုင်းလိုက်လို့ရှင့် "

ကျောင်းသူလေး တစ်ယောက်က
Jungkook တို့နား ရောက်လာကာ
ဆရာ Namjoon ကို လာခေါ်သည်။

"အ့ဆို ကျွန်တော့်ကို ခွင့်ပြုပါဦး
Mrs jeon "

"ဟုတ်ပါပြီ "

ဆရာ Namjoon ထွက်သွားသည်နှင့် မေမေ့အနားတွင် သူနဲ့ taehyung သာ ကျန်ခဲ့တော့သည်။
Taehyung ကတော့ jungkook နားပဲ
ကပ်နေကာ တိတ်တိတ်သာ နေသည်။

"မေမေ လာမှာကို သားလည်း မပြောဘူး "

"မေမေလည်း အစီအစဉ်မရှိဘူး ။
မနက်မှ စီစဉ်ဖြစ်သွားတာ "

"ဟုတ် "

"ဒါ သားသူငယ်ချင်းလား ?"

Taehyung ဆီကို အကြည့်ပို့ကာ
မေးလာသည်မို့ Jungkook လည်း ခေါင်းငြိမ့်ပြလိုက်သည်။

ဖော်ရွေတတ်သော taehyung က
Jungkook ၏ မိခင်အား ပြုံးပြရင်း
ဦးညွှတ်နှုတ်ဆက်သည်။

"ကျွန်တော့် နာမည် Kim taehyung ပါ။
Jungkook နဲ့ ဌာနချင်း အတူတူပဲဗျ "

"အန်တီ့သားက အရင်က သူငယ်ချင်း မထားတတ်တော့ အန်တီ အံ့ဩမိသေးတယ်။
ဘာပဲဖြစ်ဖြစ် အန်တီ့ကိုယ်စား taehyung ကပဲ
Jungkook ကို ဂရုစိုက်ပေးပါဦး "

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now