"ကျေးဇူးပါ "
သူ့ရဲ့ ကိစ္စ၊ဝိစ္စများ ပြီးသည်နှင့်
Jungkook ကို ကြည့်ကာ ကျေးဇူးတင်စကား
ပြောလာသည်။
"Park jiminပါ ....တွေ့ရတာ ဝမ်းသာပါတယ် "
မျက်နှာလှလှလေးသည် ပြုံးပြလာပြီး
လက်လေး တစ်ဖက် ကမ်းပေးလာသည်ကို သာ
Jungkook ကြည့်နေမိသည်။သူစိမ်းတွေနဲ့
အရောတဝင် မလုပ်တတ်သည့် အကျင့်ကြောင့်
မျက်စိရှေ့က လူသားလေး မိတ်ဖွဲ့လာခြင်းကို
မတုံ့ပြန်သေးပဲ ကြည့်နေမိသည်။
"မင်လေး"
"Hyung!"
သန့်စင်ခန်းထဲ ဝင်လာသော
Hyungသည် သူကြာနေသည့်အတွက်
စိတ်ပူကာ လိုက်ခဲ့ခြင်း ဖြစ်လိမ့်မည်။
"သူက ?"
ထိုမျက်လုံးဝိုင်းလေးနဲ့ ကောင်လေးအား
ကြည့်ကာ hyungသည် မေးလာသည်။
"အသိပါ။ကျွန်တော် သန့်စင်ခန်းဝင်ရင်း
တွေ့လို့ စကားပြောနေတာ "
"ဟုတ်လား?တွေ့ရတာ ဝမ်းသာပါတယ်
ကောင်လေး "
မိမိကို ပြုံးပြပြီး ခေါင်းငြိမ့်ကာ
နှုတ်ဆက်လာသော သူအား jungkookလည်း
မပြုံးမရယ် မျက်နှာနဲ့သာ ခေါင်းငြိမ့်ပြလိုက်သည်။
"မင်လေး ပြီးရင် သွားကြစို့လေ "
"ဟုတ် "
"သွားတော့မယ်နော် "
သူ့ဘာသာ မိတ်ဆက်ပြီး ၊
Jungkook တောင် ပြန်မိတ်မဖွဲ့ရသေးပဲ
မိတ်ဆွေ အဖြစ် သတ်မှတ်သွားသူအား
ကြောင်အစွာပင် ကြည့်နေမိသည်။
Jungkook လည်း သန့်စင်ခန်းထဲက
ထွက်လာလိုက်ရင်း taehyung ရှိရာ အခန်းဆီကိုသာ ဝင်ခဲ့တော့သည်။
"မင်းကလည်း ကြာလိုက်တာ "
"ပြီးပြီမလား?"
"အင်း "
"ပြန်ကြမယ် "
"အော်..အေး "
Jungkook က လွယ်အိတ်နဲ့ ဖုန်းကို ယူကာ ပြန်ဖို့ ပြောသည်မို့ Taehyung လည်း ကျောင်းလွယ်အိတ်ကို ကောက်လွယ်ကာ
ထွက်ခဲ့တော့သည်။
သူ့ရဲ့ သကြားလုံးလေးကိုတောင်
မနှုတ်ဆက်ခဲ့ရပေ။
Taehyung ကို ပို့ပေးပြီးသည်နှင့်
အိမ်ကို ပြန်လာလိုက်သည် ။ကားကို
တည်ငြိမ်စွာ မောင်းနေသော်လည်း
အတွေးထဲ ပြန်ပြန်မြင်ယောင်လာသည့်
မျက်နှာလှလှလေးသည် Jungkook ရဲ့
စိတ်အစဉ်ကို ခနှောက်ဆန်စွာ ရှုပ်ထွေးစေသည်။
💘 Part-3 💘
Start from the beginning
