ပိုက်ကို လှည့်ဖွင့်ပြီး ရေများကျလာမှ
ဆပ်ပြာနဲ့ လက်ဆေးကာ တီရှူးနဲ့ သုတ်ပြီး
ဘေးနားက အမှိုက်ပုံးထဲ ထည့်လိုက်တော့သည်။

သန့်စင်ခန်းထဲက ပြန်ထွက်ဖို့ တံခါးမကြီးကို
ဖွင့်ဖို့ လက်အလှမ်း၊သူမဖွင့်ခင် ပွင့်လာသော
တံခါးနဲ့အတူ သန့်စင်ခန်းထဲ အမြန် ဝင်လာသော
လူတစ်ယောက်ကြောင့် ဘေးကို အမြန် ရှောင်ပေးလိုက်ရသည်။

Jungkook ထိုလူ့အား ထူးဆန်းစွာ ကြည့်မိသည်။

ထိုလူသည် ဘေစင်တွင် ခေါင်းငုံ့ကာ
တဝေါဝေါ ‌အန်နေသည်။jungkookလည်း
ကိုယ်နဲ့ မဆိုင်တာမို့ ထွက်သွားဖို့ ပြင်စဉ်

"ဟို ...တစ်ဆိတ်လောက် ..ဝေါ့!!
ကူညီပါဦး "

"......"

"ကျောကို တစ်ချက်၊နှစ်ချက်လောက်
နှိပ်ပေးပါလား....ဝေါ့!!
အန်ရတာ အဆင်မပြေနေလို့ပါ "

လှည့်ကြည့်ကာ တောင်းဆိုလာသော
မျက်နှာလေးသည် အန်နေရခြင်းကြောင့်
နီရဲနေကာ စကားပင် ကောင်းကောင်းမပြောနိုင်။

Jungkookလည်း အန်နေသောသူအား
ကြည့်ပြီး ကူညီသင့်၊မကူညီသင့် ခနလောက်
စဉ်းစားပြီးမှ နောက်ဆုံး ကူညီဖို့ တွေးကာ
ထိုသူရှိရာ ဘေစင်နားသွားလိုက်သည်။

ခန္ဓာကိုယ်သေးသေးလေးသည်
သူနဲ့ ယှဉ်ရင် သေးလွန်းသည်မို့ ကိုယ့်ထက် ငယ်လောက်မည်ဟု Jungkook ထင်မိသည်။

ခါးကိုင်းထားကာ အန်နေသူ၏
ကျောပြင်ဆီ လက်ဖြေးဖြေးချင်း လှမ်းနေမိသည်။

"မြန်မြန်နှိပ်ပေးပါ!!!ဒီမှာ အန်နေပါတယ်ဆို !"

ဘောက်ဆက်ဆက် ထွက်လာသော
အသံလေးကြောင့် Jungkook မျက်ခုံးတန်းများ
ပင့်မိသည်။သူကလည်း အကူအညီတောင်းသေး
အထက်စီးက ပြောနေသည်။

သို့သော် မပြောနေတော့ပဲ
ခါးရိုးအလယ်တစ်လျှောက်ကို လက်တစ်ဖက်ထဲနဲ့ နှိပ်ပေးနေလိုက်သည်။

"ရပြီမလား?"

ဆက်လည်း မအန်တော့သည်မို့
Jungkook မေးလိုက်တော့ "ခန"ဆိုသည့်
သဘောနဲ့ လက်ဝါးလေးတစ်ဖက် ထောင်ပြလာသည်။ထိုသူ့လက်ကို ကြည့်ကာ Jungkook မိမိ လက်ကို ပြန်ကြည့်မိသည်။တော်တော်သေးတာပဲ။လူကောင်တင် သေးတာမဟုတ်။လက်ဖဝါးတွေရော၊လက်ချောင်းလေးတွေရော သေးသေးလေးတွေပင် ဖြစ်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now