"ဘာလုပ်တာလဲ ?"
"မင်း ဒီနေ့ သဘောတွေ ကောင်းနေလို့လေ "
"ဒါဆို အရင်နေ့တွေက သဘောယုတ်တယ်ပေါ့ "
"အဲ..အဲ့လိုတော့ မဟုတ်ဘူးလေကွာ။
အရင်တုန်းကကျ မင်းက နည်းနည်း .."
"နည်းနည်း ဘာလဲ?"
ကပ်စီးနည်းပြီး ငါဝယ်ကျွေးတာတွေပဲ
မတရား စားခဲ့တာလေ ဆိုပြီး ပြောလိုက်ချင်ပေမယ့် တစ်ဦးတည်းသော သူငယ်ချင်းလေးရဲ့ စိတ်ကို သိသူမို့ သွားလေးဖြဲပြလိုက်ရင်း
"ဘာမှ မဟုတ်ပါဘူး။အခု အဲ့ဆိုင် သွားမှာမလား ?သွား မယ် "
"အင်း "
Jungkookလည်း ဆက်မေးမနေတော့ပဲ
စားနေကျ ဆိုင်လေးရှိရာဆီ မောင်းလိုက်တော့သည်။
"ဘာ သုံးဆောင်မလဲဗျ !"
Taehyung တွေ့ချင်နေတဲ့အတိုင်း
Yoongi က သူတို့အခန်းဆီ ရောက်လာပြီး
Menu မေးတဲ့အခါ taehyung မှာ
မှိုရသလို ပြုံးဖြီးနေတော့သည်။
Jungkookကတော့ ကိုယ်စားချင်တာ
မှာပြီးသည်နှင့် ဖုန်းထုတ်ကာ social သုံးနေလိုက်သည်။
Taehyung ကတော့ စားနေကျဖြစ်နေသော
မီနူးကို တစ်ခါလာ၊တစ်ခါမေးသည်။ပြီးရင်
ကိုယ်စားမယ့်ဟာ ကိုယ့်ဘာသာ မမှာပဲ
ထို သကြားလုံးကောင်လေး ရွေးပေးသည်ကိုသာ
စားသည်။အခုလည်း စားပွဲထိုး ကောင်လေး
ရှင်းပြနေသည်ကို မျက်တောင်မခတ်ပဲ
ပြုံးပြုံးကြီး ပေါ်တင် ထိုင်ငေးနေသော taehyungကို Jungkook စိတ်ကုန်သလို
ကြည့်ပြီး ဖုန်းသာ ဆက်ကြည့်နေလိုက်တော့သည်။
ဟင်းပွဲများ ရောက်လာသည်နှင့်
ကိုယ်စီ စားကြတော့သည်။
"Taehyung !ငါ သန့်စင်ခန်း သွားလိုက်ဦးမယ် "
"မင်းက တော်ပြီလား ?"
"အင်း "
"သွားလေ!ငါ စားရင်း
စောင့်နေမယ် "
Taehyung ကို ပြောပြီးသည်နှင့်
သန့်စင်ခန်းရှိရာဆီကိုသာ လာခဲ့လိုက်တော့သည်။
ယောင်္ကျားလေးသုံး သန့်စင်ခန်းထဲ ဝင်ပြီး
အခန်းတစ်ခန်းဆီ ဝင်ကာ အပေါ့စွန့်ပြီးနောက်
တံခါးပြန်ပိတ်ပြီး ဘေစင်ရှိရာဆီ သွားလိုက်သည်။
💘 Part-3 💘
Start from the beginning
