အချိန်ဇယားအတိုင်း တစ်ချိန်ပြီးတစ်ချိန်၊
တစ်ဘာသာပြီး တစ်ဘာသာ သင်ပြီးနောက်
ကျောင်းဆင်းချိန် သို့ ရောက်ခဲ့တော့သည်။
"Jungkook!ငါ့ကို အိမ်ပြန်လိုက်ပို့ပေး "
"မင်းကားက ဘာဖြစ်လို့လဲ ?"
"ငါ့ကားက မနက်တုန်းက
မောင်းလာရင်း ထိုးရပ်သွားလို့၊
ဘာဖြစ်မှန်းမသိတာနဲ့ ဝပ်ရှော့ကို ဖုန်းဆက်ပြီး
ပြင်ပေးဖို့ ထားခဲ့တာ။အဲ့တာ မင်း လိုက်ပို့ပေး "
"အင်း ..ရတယ်လေ "
Jungkookသည် လိုက်ပို့ပေးမည်ပြောသောကြောင့် taehyung ပျော်သွားတော့သည်။
Jungkook စိတ်က တခါတလေ ခန့်မှန်းရခက်သည်ကြောင့်လည်းပါသည်။
"အိမ်ပဲ တန်းပို့ ပေးရမလား ?
ဝင်စရာရှိသေးလား ?"
"မရှိတော့ပါဘူး ။ဒါပေမယ့်
မနက်ကျရင်ရော ငါ့ကို လာခေါ်ပေးလို့ရလား?
ငါ့ကားက နှစ်ရက်လောက်နေမှ ရမယ်တဲ့ "
"အင်း ..ငါ လာခဲ့မယ် "
"Yess!!ငါ busကား မစီးရတော့ဘူး "
Jungkook သည် taehyung ရဲ့
Busကား တိုးစီးရမည့်အဖြစ်မှ လွတ်သွားလို့
ပျော်နေပုံကိုကြည့်ကာ ဖွဖွလေး ရယ်မိသည်။
"ငါ မင်းကို တစ်ခုခု လိုက်ကျွေးမယ်လေ "
"ဘာလဲ!ဟို သကြားလုံးရှိတဲ့ ဆိုင်ပဲ
လိုက်ကျွေးမှာမလား ?"
"မင်းကလည်း "
ပထမတစ်ခေါက်က ပြန်လာပြီးကတည်းက
နေ့တိုင်း မဟုတ်သော်ငြား၊ထို သကြားတုံးလေး
ရှိရာဆိုင်ကို ရက်ခြား ရောက်ဖြစ်သည်။jungkookကတော့ taehyung၏ ဒကာခံမှူကြောင့် ပါ သွားရခြင်းဖြစ်သည်။taehyungကတော့ သူ့ရဲ့ မတော်ရသေးတဲ့
သကြားလုံးရဲ့ မျက်နှာလေးကို မြင်ချင်ပါသည်ဆိုကာ jungkookကို အစားနဲ့ မဲဆွယ်ကာ အဖော်
ခေါ်ခြင်းပင်။jungkook အနေနဲ့လည်း
ကိုယ့်ဘက်က အရှုံးမရှိတာမို့ taehyung ခေါ်တိုင်း လိုက်သည်။
"ဒီတစ်ခါ ငါ ဝယ်ကျွေးပါ့မယ် "
Jungkookက ပြောလိုက်သည်နှင့်
Taehyungသည် ကလေးတစ်ယောက်လို
ပျော်မြူးသွားကာ Jungkook အား ကြည့်လာသည်။
"တကယ်လား?နေပါဦး.
မင်း နေတော့ကောင်းတယ်မလား ?"
Jungkookရဲ့ နဖူးကို taehyung လက်ဖဝါးနဲ့
စမ်းကြည့်တော့ လက်ကို ဖယ်ချကာ
💘 Part-3 💘
Start from the beginning
