💘 Part-3 💘

Depuis le début
                                        

"မင်း ရူးနေတာပဲ "

"ဟုတ်တယ်လေ...ငါ ရူးနေတာ
ဒါပေမယ့် ငါ မှန်တယ်ထင်တယ်။
မင်းရဲ့ စိတ်ကို ငါ သိလိုက်ရပြီ "

"ဘာကိုလဲ ?"

"ငါ့ကို မုန်းနေပါတယ်ဆိုပြီး လွှတ်ထားလို့ရရက်နဲ့
ငါ့ကို ကယ်ပေးခဲ့တယ်လေ "

"အဲ့တာက လူ့ကျင့်ဝတ်အရ ဒုက္ခရောက်နေသူကို
ကယ်ပေးခဲ့တာ "

"ငါက ဒုက္ခရောက်နေသူလို အကူအညီ တောင်းခဲ့လို့လား ?"

"........"

"Kim "

Namjoonနဲ့ အတူ မျက်လုံးများ
စုံအောင် ကြည့်လိုက်ပြီး လက်တစ်ဖက်ကို
Seokjin ဘက်က ဆုပ်ကိုင်လိုက်တော့ မရုန်းခဲ့ပါ။

"မင်းရင်ထဲ ငါ ရှိနေသေးတယ်မလား ?"

"........"

"ငါ မင်းကို ထားခဲ့မိတဲ့ အပြစ်အတွက်
မင်း ကျေနပ်တဲ့အထိ ငါ မင်းကို ပိုချစ်ပေးမှာပါ။
အခုကစပြီး ငါ ဘာကိုမှ မင်းထပ်ပိုပြီး
အရေးမပေးတော့မှာမို့  ငါ့ကို ပြန်လက်ခံပေးနိုင်မလား Kim ?"

"........"

"ငါ မင်းကို ချစ်တယ် Kim "

Kim ရဲ့ခါးကို ဖက်ကာ
ရင်ခွင်ထဲ တိုးဝင်မိလိုက်သည်။kim ဆီက
ငြင်းပယ်သည့် အမူအရာများ မတွေ့ရသည်မို့
Seokjin  အတိုင်းထက် အလွန် ဝမ်းသာမိသည်။

"ငါ့ကို ယုံကြည်ပြီး  မင်းအချစ်တွေကို
ငါ့ဆီ ပြန်ပေးနော် "

Seokjinရဲ့ ‌ကိုယ်ငယ်လေးကို
ပြန် ပွေ့ဖက်လာတဲ့ Kim ရဲ့ လက်များက
အဖြေပင်။

"ကိုယ်လည်း မင်းကို ချစ်နေသေးပါတယ်
Jinnie "

....................................................................

"အားလုံးပဲ!နောက် တစ်ပတ်နေရင်
Welcome ရောက်တော့မှာမို့
ဒီတစ်ပတ်ပဲ ဆရာတို့ စာကောင်းကောင်း
သင်ကြရမှာ။အဲ့တော့ ခု ဆရာသင်တာကို
သေချာလိုက်ကြည့်ပါ။နားမလည်ရင် မေးပါ။
နောက်ဆုံးရက်မှာ tutorial စစ်မယ်။အားလုံး
နားလည်ကြတယ်မလား ?"

"နားလည်ပါတယ် "

"ဟုတ်ပြီ!အ့ဆို သင်ခန်းစာ စမယ် "

ဆရာ namjoonသည် သင်ခန်းစာများကို
သေချာရှင်းပြသည်။တစ်ခါ၊နှစ်ခါမက
ကျောင်းသူ၊ကျောင်းသားများနားလည်အောင် ထပ်ခါ၊ထပ်ခါ ရှင်းပြရင်း သင်ပြသည်မို့ အတန်းထဲတွင်ပင် သင်ရင်း အလွတ်ရသည်အထိ
ဖြစ်ခဲ့ကြသည်။ဒါကလည်း အသင်၊အပြ
ကောင်းသော ဆရာ့ရဲ့ ပညာပါရမီကြောင့် ထင်ပါသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Où les histoires vivent. Découvrez maintenant