"......."
"ငါ တကယ် အခုချိန် မင်းလက်ကို ဆုပ်ကိုင်ဖို့
အသင့်ဖြစ်နေပြီမို့ ငါ့လက်ကို ပြန်တွဲပေးပါလား?"
"......"
"Kim "
Seokjin ရဲ့ နူးညံ့စွာ ဖျော့တော့သော
ခေါ်သံလေးသည် ဝမ်းနည်းရိပ်များ အပြည့်ပင်။
Namjoon မျက်လုံးချင်း ဆုံလိုက်တော့
အသနားခံနေသလို အကြည့်များသည်
မာတင်းထားသော စိတ်များကို တဖြေးဖြေး
ပျော့ကျစေသလိုပင်။
"မင်းရော ငါ့ကို ချစ်သေးတယ်မလား Kim "
"......."
"ဟုတ်တယ်မလား ?ငါ့ကို ချစ်သေးတယ်မလား ?"
"ဟင့်အင်း! မင်းအပေါ်ထားတဲ့
ငါ့အချစ်တွေက အေးစက်ခဲ့တာ ကြာပြီ "
"ငါ စမ်းကြည့်လို့ရမလား ?"
"ဘာကိုလဲ ?"
"မင်း အချစ်တွေကို "
"........"
"မင်းအချစ်တွေက တကယ်ပဲ ငါ့အပေါ်
အေးစက်သွားပြီဆိုရင် မင်း ကားပေါ်က
မဆင်းခဲ့နဲ့ ...Kim "
Seokjin ပြုံးပြုံးလေး ကြည့်ရင်းပင်
မေးတော့ kimသည် စူးစမ်းသလို မျက်လုံးများနဲ့
ကြည့်လာသည်။
ကားတံခါးကို ဖွင့်ကာ
Seokjin အရင်ဆင်းလိုက်သည်။ထို့နောက်
သူတို့ ကားရပ်ထားသည့် ဘေးကရေကန်ကြီးဆီ
လျှောက်သွားလိုက်သည်။
ရေစပ်နားလေးရပ်ရင်း Kim ကို ပြန်ကြည့်မိသည်။Kimသည် သူ့အား ကားထဲကနေ
လှမ်းကြည့်နေခဲ့သည်။
Seokjin စိတ်ပိုင်းဖြတ်ကာ ရေကန်ထဲ
စဆင်းလိုက်သည်။သူ့ခြေကျင်းဝတ်မှ ခြေသလုံးမြှပ်သည်အထိ ဆက်သွားနေမိသည်။ဒူးလောက်
ရောက်သည့်အခါတွင်တော့
"Jinnie!!"
ကြားချင်နေခဲ့သည့် နာမည်လေးကို
ခေါ်ကာ သူ့ဆီ ပြေးလာနေသော
သူသည် Kim အစစ်ပင်။
ရေထဲရောက်နေသော seokjin ကို ပြန် ဆွဲခေါ်ကာ
ကုန်းပေါ်ထိ ခေါ်လာခဲ့သည်။
"မင်း ဘာတွေ လျှောက်လုပ်နေတာလဲ ?"
"Kimရဲ့ အချစ်ကို စမ်းတာလေ "
"မင်း သေသွားနိုင်တာကို သိရဲ့လား ?"
"Kim တစ်ယောက်လုံးရှိနေတာပဲ "
💘 Part-3 💘
Start from the beginning
